Wine ( ဝိုင် ) Part - 1 ဝိုင်ရဲ့ သီအိုရီ

17 2 0
                                    

" ဝိုင် "

အခန်း ( ၁ )

" ဝိုင်ရဲ့ သီအိုရီ "

ဝိုင်ဆိုတာလေးကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ ဘဝမှာ လူတော်တော်များများကလည်း အခြားအရောတွေထက် ဝိုင်ကိုတော့ တစ်ခွက်လောက် သောက်ဖူးချင်ပါတယ်ဆိုတာမျိုးတော့ ရှိကြမယ်ထင်တယ်။ ဝိုင်ဆိုတာ ယစ်မူးစေတဲ့အရာ၊ နတ်ဘုံနန်းကဲ့သို့ ခံစားမှုကို ပေးနိုင်တဲ့အရာ၊ နူးညံ့သောအရာ၊ ချိုပြင်းရှသောအရာ၊ နတ်ဘုရားတို့ရဲ့ အသွေးသား၊ လောကနှစ်ခုကို ဆက်သွယ်ပေးသောအရာ။ ဒါတွေကတော့ ကိုယ်သိထားတဲ့ ဝိုင်နဲ့ပက်သက်တဲ့ အရာတွေပဲ။ နောက်တစ်ခုကတော့ ဝိုင်ဆိုတာ နှစ်ကာလကြာလေ တန်ဖိုးမြင့်လေ အရည်သွေးကောင်းလေပဲလေ။ အဲလိုပဲ ဝိုင်ဆိုတာမျိုးကို စွဲလမ်းနေတဲ့သူတစ်ယောက်နှင့် ဝိုင်ရဲ့တန်ဖိုးအတိုင်း ရှင်သန်နေတဲ့သူတစ်ယောက်ဟာ ကြည့်ရရင် တူပေမဲ့ အဓိပ္ပါယ်ရော ရှင်သန်ခြင်းရော ကွာခြားပါတယ်။ ပိုထူးခြားတာက ဝိုင်မှာ သီအိုရီတစ်ခုရှိနေသေးတယ်။ အဲတာကိုရော ခင်ဗျားတို့ မသိချင်ဘူးလား ။

မြို့ပြကြီးရဲ့ မီးရောင်တွေညဟာ သိပ်ကို လှပလွန်းတယ်လို့ ခင်ဗျားတို့ထင်လား။ ညဆယ့်တစ်ကျော်လို့ ဆယ့်နှစ်ထိုးတော့ပေမဲ့ မီးရောင်စုံတွေကတော့ ရှိနေဆဲ။ ဆူညံနေခြင်းမျိုးမဟုတ်ပေမဲ့ ဖြတ်မောင်းသွားသော မော်တော်ယာဉ်တွေရဲ့အသံက ကျယ်လောင်နေဆဲ။ လမ်းမကြီးထက်မှာ ပုံစံအစုံနှင့် လူသူတွေရှိနေဆဲ။ မီးရောင်မှောင်မှောင်နဲ့ အချို့နေရာတွေမှာ ကောင်မလေးအချို့လည်းရှိနေသလို ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားနှင့် ကောင်လေးတစ်ချို့လည်း ရှိနေတယ်ဆို ခင်ဗျားတို့ ဘယ်လိုတွေးမိမှာလဲ။

ထိုကဲ့သို့ ညမီးရောင်တွေနဲ့ အသားကျနေတဲ့သူတွေလည်း ပေါများသလို အခုမှ ညမီးရောင်တွေအကြောင်း စိတ်ဝင်စားတဲ့သူတွေလည်း ပေါများသား။ ထိုထဲမှာတော့ သူလည်းပါတယ် ။ သူကတော့ ညမီးရောင်တွေနဲ့ အသားကျနေသူတစ်ယောက်ပေါ့။ ဆံသားနက်နက်ပျော့ပျော့လေးတွေက သူရဲ့မေးစေ့ထိတိုင်အောင် ပျော့ပျော့လေးနှင့် လှုပ်ခတ်နေရာယူထားသည်။ ပုခုံးလေးနားသို့ထိနေသော ဆံသားလေးတွေကိုလည်း သူအမြတ်တနိုးထားပုံတော့ရသည်။ မျက်နှာလေးက လေးထောင့်စပ်စပ်လေးနှင့် မေးရိုးလေးအနည်းငယ်ကားသလိုရှိသောသူက သူ့မျက်နှာလေးနဲ့တော့ လိုက်ဖက်တယ်လို့တော့ ထင်ရသား။ နှာတံလေးကတော့ ခပ်စင်းစင်းလေးနှင့် မျက်ခုံးလေးလည်း အထူသား။ သီးသန့်ကြီးချောနေတာလည်း မဟုတ်ပဲ တစ်မူထူးခြားတဲ့ ညှို့အားနဲ့လူတစ်ယောက်။

Wine ( ဝိုင် ) Where stories live. Discover now