Wine ( ဝိုင် ) Part - 3 အပြုံးတစ်ခုရဲ့ သင်္ကေတ

9 1 0
                                    

" ဝိုင် "

       အခန်း ( ၃ )

        သက္ကရာဇ်တစ်ယောက် မနက်ခင်းလေးအစောကြီးထပြီး ထပြေးနေလေသည်။ အားကစားဝတ်စုံလေးကို အပြည့်ဝတ်ပြီး အိမ်ကနေထွက်ကာ သူပြေးနေကျ ပန်းခြံလေးနေရာကို သူထွက်လာခဲ့သည်။ မနက်ခင်းစောစောဆိုတော့ သူ့လို အားကစားလုပ်တဲ့သူတွေသာ ရှိနေကြတော့ လူက အရမ်းရှင်းပါသည်။ နံနက်ခင်းရဲ့ နေရောင်ခြည်နှင့် လေအေးလေးတွေကြားမှာ အားကစားလုပ်နေကြသော သူအချို့နဲ့ မြင်ကွင်းတွေက သူ့အား လန်းဆန်းစေပါသည်။ ပန်းခြံထဲတွင် တစ်နာရီနီးပါး ရပ်လိုက်ပြေးလိုက်နဲ့ လုပ်ပြီးတော့ သူ့ကိုယ်သူလည်း အနားပေးကာ ပန်းခြံထဲ သူခဏအမောဖြေနေလိုက်သည်။

     ကောင်လေးတစ်ယောက်သည် ဂျင်းဘောင်းဘီအပျော့လေးနဲ့ အဖြူရောင်ရှပ်အင်္ကျီလေးဝတ်ကာ ကျော၌လည်း ကျောပိုးအိတ်အမဲရောင်လေး လွယ်ထားပြီး နားကြပ်တပ်ကာ ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်လာသည်။ သက္ကရာ‌ဇ်လည်း ဘာရယ်မဟုတ် အရှေ့ကမြင်ကွင်းကို ကြည့်နေမိလိုက်သည်။ ထိုကောင်လေးသည် လျှောက်လာနေရင်း သူ့အနားရှိ ခုံတန်းရှည်လေးတွင် ဝင်ထိုင်လိုက်သည်။ သူနဲ့ အနီးကပ်သွားတော့ သေချာလေး တစ်ချက်ကြည့်လိုက်မိသည်။ အသားခပ်လတ်လတ်လေးနဲ့ ပိန်ပိန်ပါးပါးကောင်လေးက သူ့အား ကြည့်မိတာကို သတိထားမိဟန်နဲ့ သူ့အား တစ်ချက်ခေါင်းလေးငြိမ့်ပြီး ပြုံးပြလိုက်သည်။

" ဝါး ချစ်ဖို့ကောင်းလိုက်တာ "

    ပါးချိုင့်ရာရာလေးတစ်ဖက်နှင့် သွားစွယ်လေးကို ပေါ်လွင်အောင် ပြုံးပြနိုင်သော ထိုကောင်လေးကို သူအတော်လေး အံ့အားသင့်သွားသည်။ ဘာရယ်မဟုတ်ပဲ ရိုးရှင်းလှနေသော ထိုကောင်လေးသည် သူ့အား တစ်ချက်လှပစွာပြုံးပြလိုက်တာကို အားကစားလုပ်ထားပြီး မောနေသော သူ့အား အမောပြေသွားသည်လို့ပင် ခံစားရစေသည်။ မနက်ခင်းလေးက ပို၍များ ပြည့်စုံသွားစေတာလား။

" ဒီကောင်လေးက သူများတွေနဲ့ မတူဘူးပဲ တော်တော်လေး သဘောကျစရာကောင်းတယ် "

    သူမြင်နေကြ လောကကြီးထဲကနေ ကွဲထွက်နေ‌သယောင်ကို သူခံစားရလေတော့သည်။ သေချာတာကတော့ သူရင်တွေနွေးထွေးနေသည်။

You've reached the end of published parts.

⏰ Last updated: Feb 22 ⏰

Add this story to your Library to get notified about new parts!

Wine ( ဝိုင် ) Where stories live. Discover now