Chapter 15(Zawgyi)(Final)

1.9K 12 0
                                    

My Only Lover - 15(Final)

ဝေယံ နိုးလာတဲ့အခါ ရင်ခွင်ထဲက အနွေးဓာတ်လေးကြောင့် စိတ်အေးသွားရသည်။ငိုထားလို့မို့အစ်နေတဲ့ မျက်ရည်အိတ်ကလေးတွေ မျက်ခွံလေးတွေကို ထိတို့ပြီး သနားမိသည်။အရာအားလုံးက သူ့ရဲ့မပြတ်သားတဲ့စိတ်ကြောင့် အုတ်မြစ်တည်ခဲ့တာ။အားနည်းတဲ့ကလေးကို အပိုသက်သက် စိတ်ဒဏ်ရာတွေပေးခဲ့မိတာ သူ့အမှားပဲ။ ရှုပ်ပွနေတဲ့ ဆံပင်စလေးတွေကို ပွတ်သပ်ပေးပြီး

"ကိုယ့်ဘဝမှာလေ အချစ်ဦး ရော အချစ်ဆုံးရော ကမင်းထင်ပါတယ် မင်းမရှိရင် သေမှာဆိုတဲ့ အတွေးကမင်းနဲ့မှပဲဖြစ်တည်လာတာ ဖြစ်သင့်တာတွေကို ဦးစားပေးပြီး ဖြစ်ချင်ရာတွေကိုနောက်ပို့ခဲ့တဲ့ ကိုယ်က ဖြစ်ချင်ရာကိုပဲ ဦးစားပေးချင်လာတဲ့အထိပဲ နောက်ဆုံးမှာ ဖြစ်သင့်တာရော ဖြစ်ချင်တာရောက မင်းပဲ ကိုယ်မင်းကို သိပ်ပြီးချစ်တာပဲ ယံ ရယ်"

"အင်း....!"

မင်းဇေ အိပ်မက်ယောင်ရင်း ပါးစပ်ကနေ အင်း ဆိုပြီး ပြောလိုက်မိသည်။နွေးထွေးနေတဲ့ရင်ဘက်တစ်စုံကို ခေါင်းအုံး ထားရင်းဖြင့်။ နွေးထွေးပြီး လုံခြုံမှုပေးပြီး ခွန်အားတစ်ချို့လည်းဖြစ်လာစေသည်။

"ယံ ....."

"ဟင်.... ဦးထွဋ် သတိရလာပြီလား ခေါင်းမူးသေးလားဟင် နေရသက်သာလား ဘယ်နေရာနာလဲ ကျွန်တော့်ကိုပြော"

"ဒီနား..."

ဝေယံ ထိုကောင်လေးရဲ့စိုးရိမ်စိတ်အပြည့်ဖြင့်ရှိနေသော မျက်ဝန်းလေးကိုစိုက်ကြည့်ရင့် ဘယ်ဘက်ရင်ဘက်တည့်တည့်သို့လက်ညိုးထိုးပြလျှင်

"နှလုံးအောင့်လို့လား ကျွန်တော်ဆရာဝန်ကိုသွားခေါ်ပေးမယ်"

ထထွက်သွားဖို့လုပ်နေတဲ့အခါ လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားရင်း ဆွဲထားမိသည်။

"မဟုတ်ဘူး မင်းမချစ်တော့ဘူးဆိုရင် ကိုယ့်နှလုံးသားက နာနေအုံးမှာ ဆရာဝန်ခေါ်ပေးမဲ့အစား ကိုယ့်ကို ချစ်တယ် လို့တစ်ခွန်းလောက်ပြောပေးရုံနဲ့သက်သာသွားမှာ"

"ဟင်....! လာကစားနေတာလား ကျွန်တော်ဘယ်လောက်စိတ်ပူနေလဲ ခင်ဗျားသိလား"

My Only Lover (Complete)Where stories live. Discover now