အချစ်ရေးမှာကိုယ်ကအမြဲကံခေနေခဲ့တာ
အချစ်ရေးတင်မဟုတ် အခြားဟာတွေမှာပါကံမကောင်းနေတာ။
ဆိုးလိုက်တာ ဂျွန်ဂျောင်ကုဆိုတဲ့ငါက။
အခြားများများစားစားမတွေးပါဘူး
ဆွဲလမ်းမိသောထိုကောင်လေးကိုသာ
ပိုင်ဆိုင်ချင်ရုံပါ။အတွေးတွေနှင့်ပျံလွင်နေသော
Waiterကောင်လေးသည်
ဧည့်သည်၏ခေါ်သံကိုမကြားပေ။*ဟျောင့်ဂျွန်ဂျောင်ကုဘာလုပ်နေတာလဲခေါ်နေတာမကြားဘူးလား*
ခေါင်းကိုကိုင်းရင်း တောင်းပန်လိုက်သည်။
မုန်းသည်။ဒီလိုမျိုးဘဝကို မရယူချင်သော်လည်းဘုရားကပေးသော်ဘဝမို့လက်ခံရသည်။*တောင်းပန်ပါတယ်ဗျ*
*ဧည့်သည် ဘာများမျာမလဲဗျ*
ဧည့်သည်မှာမည့်မီးနူးကိုရေးရန်
ခဲတံဖြင့်ပြင်ထားသော်လည်း
ဧည့်သည် သည်ထူးဆန်စွာကျွန်တော်ကိုကြည့်နေသည်။
လှလိုက်လေခြင်း။
*ဧည့်သည်ဗျ*
*အာဆော်ရီး ကိုယ့်ကိုအမေရီကနိုတစ်ခွက်နဲ့ကြက်ဉပူတင်းပေးပါ*
*ဟုတ်ကဲ့ဗျ*ထူးဆန်းလိုက်လေခြင်း။ထိုကောင်လေးကိုမြင်ဖူးသလိုရှိသည်။သို့သော်မမှတ်မိပေ။
*ရပါပြီဗျ*
*အာဟုတ်....ဒါနဲ့ကောင်လေး...*
*ဗျာ*
*ကိုယ်တို့ဆုံဖူးကြလား*
ဆုံဖူးတာပေါ့လို့ဖြေချင်သော်လည်း
မဖြေခဲ့။
မေ့လိုက်တော့မည်လုပ်လည်း
မမေ့နိုင်ခဲ့။
*အာ...မဆုံဖူးဘူးထင်တယ်*
*ဟုတ်လို့လား*
*ဟုတ်...ကျွန်တော်ကိုသွားခွင့်ပြုပါဦး*ကျွန်တော်သည်ထိုကောင်လေးကို
မသိခဲ့ပါ။
ကျွန်တော်နှလုံးသားကိုသိမ်းပိုက်သွားသူကို
မသိချင်ယောင်ဆောင်လိုက်တော့မည်။
တစ်သက်လုံးမသိချင်ယောင်ပဲဆောင်လိုက်ရတော့မည်ထင်သည်။
*ကိုကိုဂျီမင်း*
*အော်...ရာအွန်း*
*စောင့်ရတာကြာသွားလား*
*ဟင့်အင်း...ခုမှရောက်တာ*
*ကိုကိုနဲ့ဒိတ်ရတာ ရာအွန်းရင်ခုန်တာပဲ...*
*ကိုယ်ရောပဲရာအွန်း*သူတို့စကားပြောနေတာကို တံမြက်စီးလှည်းနေသောwaiterကောင်လေးမတော်တဆကြည့်မိသည်။
ဖွင့်ပြောဖို့နောက်ကျခဲ့တာကိုနောင်တရသည်။
ပြောခဲ့ရက်တောင်ကျွန်တော်ကိုရွေးမည်မထင်။
ကျွန်တော်ကိုလည်းသူမေ့သွားပုံရသည်။
မမှတ်မိတော့ဘူးထင်ပါတယ်။