Part-10

681 12 0
                                    

Zaw

"အနီ..."

သူ့နူတ်ဖျားက ရုတ်တရက်
ထွက်ကျလာတဲ့ နာမည်တစ်ခု။
သူ့မျက်စိရှေ့မှာ ရပ်နေသူက
သူသိပ်ချစ်ခဲ့ရသော အမျိုးသမီး
လေးဆိုတာ သူမယုံနိုင်ဖြစ်
နေမိသည်။

ဘယ်ချိန်က အနီ မြန်မာပြည်
ပြန်ရောက်နေတာလဲဆိုတာ
သူမသိခဲ့ရိုးအမှန်။ အချိန်တွေ
ရပ်တန့်သွားသလို ခံစားလိုက်
ရသည်။

နာမည်နဲ့လိုက်အောင်
သူမကိုယ်လုံးပေါ်စေသည့်
ဂါဝန်တိုလေးကို ကပ်ကပ်ရပ်ရပ်
ဝတ်ဆင်ထားပြီး နီရဲနေသော
နူတ်ခမ်းနီကို ဆိုးထားကာ
လှပစွာ ပြင်ဆင်ထားတဲ့ အနီဟာ
အရင်အတိုင်း လှပဆဲ။


"I miss you so much"

ပြောရင်း အနားကပ်လာကာ
ဦးစစ်လည်တိုင်ကို အသာသိုင်းဖက်၍
ပါးနှစ်ဖက်ကို ဖွဖွလေးဖိနမ်းလိုက်တဲ့
အမျိုးသမီးကို ပန်မျက်လုံးဝိုင်လေးဖြင့်
ငေးကြည့်နေမိရင်း ချိတ်ထားလက်လေးကို
အသာဖယ်ပေးလိုက်ရသည်။

ထိုမြင်ကွင်းက ပန့်နှလုံးသားကို
အောင့်သက်သွားစေခဲ့တာအမှန်။
ဒါဟာ ဦးစစ်အခန်းထဲချိတ်ဆွဲထားတဲ့
ဓာတ်ပုံထဲက အနီဆိုသော အမျိုးသမီးလေ။

"အနီဘယ်တုန်းက....."

"သိပ်မကြာသေးပါဘူး..စစ်ရဲ့...
စစ်ကို အံ့သြသွားစေချင်လို့"

စကားတွေပြောနေပေမယ့်
သူမရဲ့လက်တို့က ဦးစစ်လည်တိုင်
ပေါ်က ဖယ်ခွာမသွား။ ဦးစစ်ကလည်း
လက်သီးကိုသာ ဆုပ်ထားပြီး
သူမကို မငြင်းပယ်။ ပွဲထဲက
လူတော်တော်များများကလည်း
ဦးစစ်နဲ့ အနီ့ကို ကြည့်နေကြသည်။

"အေ့...ဟိုမှာကြည့် လိုက်ဖက်တဲ့စုံတွဲလေး.."

"ဟုတ်တယ်နော်...ငယ်ချစ်တွေပြန်တွေ့တာ
ကြည်နူးစရာလေး...."

တစ်ယောက်တစ်ပေါက်
ပြောနေကြတဲ့ ပွဲထဲက စကားသံတွေ။
ဦးစစ်နဲ့ပန် လက်ထပ်ထားတာ
မသိကြသေးဘူး ထင်ပါရဲ့။
မလိုက်ခဲ့ရင် အကောင်းသား။
အခုတော့ အပိုလူဖြစ်နေခဲ့ပြီ။


ပန်အလိုလို အသက်ရူမဝသလို
ခံစားလာရ၏။ ဖြစ်နိုင်ရင် ဒီနေရာက
အမြန်ဆုံးပြေးထွက်သွားချင်မိသည်။

တရားမဝင်ဇနီးWhere stories live. Discover now