🍯😘

50 5 1
                                    

ဒုန်း!!!!

"ဘယ်လောက်ပြောပြော စောက်မှတ်မရှိတဲ့ဟာတွေ
အလုပ်ကိုသေချာမလုပ်တတ်ကြဘူးလားဟမ်!"

"ကျွန်တော့်အမှားပါဥက္ကဌ တောင်းပန်ပါတယ်"

"မင်းအမှားကသေးသေးလေးမဟုတ်ဘူး ရေမွန် ဟိုကောင်တွေသာ ဒီကိစ္စကိုအနံ့ခံမိရင်ဘယ်လိုလုပ်မလဲ"

"ကျွန်တော်တတ်နိုင်သလောက်တော့ ဖြေရှင်းခဲ့ပါတယ် ဥက္ကဌ သူတို့မရိပ်မိလောက်ပါဘူး"

"ထားလိုက်တော့ အကုန်ထွက်သွားကြ"

တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲသူဌေးကြီး ဂျွန်ဂျောင်ကုသည် မနက်စောစောမှာ စိတ်မကြည်လင်ခဲ့ပါ
သူ့ဆိုမသိသူမရှိ လူအများရှေ့မှာတော့ အရမ်းကိုတိကျပြတ်သားပြီး သဘောအလွန်ကောင်းတဲ့သူဌေးတစ်ဦးအဖြစ်မြင်ကြပေမယ့် သူ့ရဲ့တစ်ကယ့်စီးပွားရေးသည် တရားမဝင် လက်နက်မှောင်ခိုရောင်း‌ချရေး

မနက်အလုပ်ရောက်တည်းက ရေမွန်ကစိတ်မကြည့်စရာစကားကိုစပြောလာခဲ့သည်။လက်နက်တင်ပို့တဲ့ကားတစ်စီးဟာ လမ်းမှာအစစ်ဆေးခံရသည်တဲ့။ ဒီလောက်တိကျအောင်စီစဉ်ထားရဲ့သားနဲ့ အခုလိုမျိုးဖြစ်တာကြောင့်ဒေါသထွက်မိပါသည်။

"ဒါလင်"

"ဟင် ဘယ်လိုရောက်လာတာလဲ"

ခင်ဗျားတို့ကိုကျွန်တော်ခုနကစိတ်ညစ်နေတယ်ပြောတယ်မလား အခုမညစ်တော့ဘူး

"မင်းမနက်ကငါ့ကိုတစ်ယောက်တည်းထားခဲ့တာ"

"မဟုတ်ရပါဘူး ဒီမှာပြသာနာလေးနည်းနည်းတတ်သွားလို့အမြန်ပြေးလာခဲ့ရလို့ပါ"

"ငါအိပ်ချင်သေးတာ ဒါလင် ဘေးမှာမင်းမရှိတော့လို့နိုးလာတာ"

"လက်တွေနဲ့မပွတ်ပါနဲ့ မျက်လုံးကို နာကုန်လိမ့်မယ်
ပြောပါဦး ကိုယ့်ဟာကိုမောင်းလာတာလားကားက"

"အင်း "

"ဂျီမင်းလေးကသိပ်ဆိုးတာပဲ"

"ဟန်နီလို့ခေါ်လေ "

"ဇွတ်ချွဲနေတာပဲ"

ဂျီမင်းသည် မတ်တပ်ရပ်စကားပြောနေရာမှ ဂျောင်ကု၏ပေါင်ပေါ်သို့ပိုင်ပိုင်နိုင်နိုင်ပင်ခွထိုင်လိုက်ပါသည်။

"ဗိုက်ဆာပြီလားဟန်နီက"

"ဟင့်အင်း ငါပြန်တော့မှာ"

"ဘာဖြစ်လို့လဲ"

"မင်းစိတ်တေရှုပ်နေတာလား ဘာဖြစ်လို့လဲ"

"ပြသာနာလေးနည်းနည်းရှိလို့ပါ"

"လာ ငါဖက်ထားပေးမယ်"

သူ့ရင်ခွင်သေးသေးလေးကိုဖွင့်ပေးလာတော့ ဂျောင်ကု ပြုံး၍သာတိုးဝင်လိုက်ပါသည်။

"အဆင်ပြေသွားမှာပါ စိတ်မပူပါနဲ့ ဒါလင် ရဲ့"

"ချစ်လိုက်တာ"

"ငါရောတူတူပဲ ပြန်တော့မယ်နော်"

"ကောင်းပါပြီဗျာ"

"နမ်းဦး"

သူ့သဘောကျ နှုတ်ခမ်းလေးကိုဖွဖွလေးထိတော့ပြုံးသည်။ကျွန်တော့ ဟန်နီကသိပ်ချစ်ဖို့ကောင်းတာ

"ညနေစောစောပြန်လာခဲ့ အော် ငါမေ့တော့မလို့ မနက်ကလေ မင်းဆီလာချင်စောနဲ့ ကားထုတ်တာ အိမ်ကခြံစီးရိုးနည်းနည်းပျက်သွားတယ် ငါ့ကားရောပဲ အဲ့တာဒါလင်ပြင်ပေးပါဦးနော်"

"ထင်ပါတယ် ထင်လို့ ‌ဘာပြင်ပေးဖို့ပြောမလဲနားထောင်နေတာ ပြင်ပေးပါ့မယ်ဗျ"

"အာဘွား ဒါလင်
ပြန်တော့မယ်နော်"

လှလှလေးပြုံးပြပြီးထွက်သွားတဲ့ ဟန်နီ့ ကြောင့် စိတ်ညစ်စရာတေအားခနတာမေ့သွားခဲ့ပါသည်။
ဟန်နီက အေးချမ်းရာလေး......

🍯🍯🍯🍯🍯

ဘယ်လိုနေကြလဲဟင် ဒါလေးဆက်ဖတ်ကြည့်ချင်ကြလားဟင် ဆက်ရေးရမလား....😁

Honey Darling 🍯😘Where stories live. Discover now