အခန်း ၂ (အပိုင်း ၁)
( ကျုံးဟွိုင်ရှန်း ကို ကျိုးဟွိုင်ရှန်း လို့ ပြန်ပြင်ထားပါတယ်)
ထိုညက လင်းကျီရိဟာ ကျိုးဟွိုင်ရှန်း ကို
မစောင့်ခဲ့ပေမဲ့ စစ်ဆေးမှူ မှတ်တမ်း နှစ်ခု
အတွက် စောင့်နေခဲ့တယ်။ သူ့အရိုးက
မကျိုးပေမဲ့ မြှီးညှောင့်ရိုးက နူးညံ့တဲ့
တစ်ရူးလေးတွေ ဒဏ်ရာရသွားကြောင်း
ပြသနေခဲ့သည် ။
"မနက်ဖြန် သူ့ ကုမ္ပဏီ ကို တိုက်ရိုက် ဖုန်း
ခေါ်လိုက်မယ် ။ အဲ့ကောင်က ထွက်ပြေးရဲ
တယ်ပေါ့လေ ။ဘုန်းကြီးက ဘုရာကျောင်း
ကနေ ထွက်မပြေးနိုင်ပါဘူး " ရွီယန် က
သန်းကာ, သူ့လည်ပင်းနောက်ကို
ဖိနှိပ်လိုက်ပြီး လင်းကျီရိကို မေးလာခဲ့တယ်,
" မင်း အိမ်မှာ ဒဏ်ရာလိမ်းဆေးတစ်ခုခု ရှိ
လား ။ ဒီနှစ်ရက်မှာ ခေါက်ဆွဲ အစပ်တွေ
လျော့စား "" အင်း "
လင်းကျီရိက ဆေးရုံဝင်ပေါက်တွင် နှစ်မိခန့်
ရပ်နေခဲ့ပြီး နောက်ဆုံးတွင် အိမ်ပြန်ချိန် နီးလာ
ခဲ့တယ် ။
ရေချိုးပြီးနောက် အိပ်ယာပေါ်လှဲရင်း
ကျိုးဟွိုင်ရှန်ရဲ့ မျက်နှာက သူ့စိတ်ထဲ
ရုတ်တရက်ပေါ်လာရသည် ။ လင်းကျီရိက
ကသိကအောက်နဲ့ သူ့ဆံပင်တွေကို ကုတ်လိုက်
ပြီး မျက်လုံးကာ ကို ယူကာ မီးပိတ်လိုက်
ပြီး အိပ်ပျော်အောင် တွန်းအားပေးလိုက်တယ်။
နောက်တစ်နေ့ သူ့နိုးလာတာနဲ့ တစ်ပြိုက်နက်
တစ်ယောက်ယောက် တံခါးခေါက်နေသံကို
သူကြားလိုက်ရတယ် ။ လင်းကျီရိက တံခါး
ဖွင့်ဖို့ လျှောက်သွားလိုက်သည် ။ ၎င်းက
လင်းရန်တဲ့ နှင့် သူ့ရဲ့ ခုနှနစ် အရွယ်သား
ဖြစ်နေ သည် ။
" ကျီဝိန်က သူ့အစ်ကိုအတွက် မနက်စာ
ယူသွားချင်တယ်ပြောလို့ ငါသူ့ကို ခေါ်
လာတာ "
လင်းရန်တဲ့က အမှန်ပြောတာထက်
လိမ်ပြောတာက ပိုတည်ငြိမ်နေသည် ။
လင်းကျီဝိန်က သူ့လက်ထဲမှ ထမင်းဗူးကို
စားပွဲပေါ်ထားပြီးနောက် သူ့ဖုန်းနဲ့ကစား
ဖို့ ဆိုဖာပေါ် သွားထိုင်လိုက်သည် ။
တစ်လျှောက်လုံး သူက လင်းကျီရိကိုတောင်
မကြည့်။
YOU ARE READING
ကလေးကို နေ့တိုင်းခိုးယူနေတဲ့ အိုမီဂါလေး「MM Tran」
RomanceIntroduction: ✓ All Rights and Credits to the original author (杳杳一言), English translator @LinnQ. English translator ရဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ် ။ Title: 每天都想偷崽的Omega Author: Yao Yao Yiyan (杳杳一言) Status: 52 Chapters + 4 Extra (Completed) Eng T...