Episode 7

229 23 0
                                    

စ​နေနေ့ ည​နေ​လောက် ဝန်ဘင်းနဲ့ချိန်းထားတာမို့ အန်တွန်ပြင်ဆင်ကာ

စားပွဲခုံပေါ်မှာ ခေါက်လျက်လေးတင်ထားတဲ့ ဝန်ဘင်း မာဖလာလေးကို ဆွဲယူနမ်းရှိုက်လို့

ပြန်​ပေးလိုက်သင့်ပြီလား သူ့ကိုသတိရတိုင်း ဒီမာဖ​လာ​လေးကိုနမ်းရှိုက်လိုက်ရင် သူ့သင်းရနံ​လေး​​တွေက အမြဲသူအနားမှာရှိ​နေတယ်လို့ ခံစားရတယ်

အမြဲ သူ့အနားမှာရှိချင်မိတယ်

အန်တွန်တို့ ကွန်ဒိုရှေ့ပါကင်မှာ ကားကိုမှီရင်း ဝန်ဘင်းရပ်စောင့်ကာ အန်တွန်ကို မြင်တာနဲ့တပြိုင်တည်း အားပါးတရပြုံးပြလို့

ပတ်ဝန်ဘင်းရှီးရဲ့ အပြုံးချိုချိုလေး မျက်ဝန်းလှလှ​လေး​တွေကို အမြဲမြင်​​တွေ့ချင်တယ် သူရဲ့ဂရုစိုက်ပေးမှုတွေကလည်း နွေးထွေးတယ်

ကားမောင်းနေတဲ့ဝန်ဘင်းကို မခို့တရို့လေးခိုးခိုးကြည့်လို့

"ကဲ ရောက်ပြီ ချန်း​ယောင်းလာချင်​​နေတဲ့ night market ဘယ်လိုလဲ သ​ဘောကျရဲ့လား"

တ​လောကလုံးမှာတောက်​ပ​သောအပြုံးနဲ့ အန်တွန်ကိုပြုံးပြကာ

"အဟမ့် မ​​နေ့ကတင်​ သူငယ်ချင်းတွေနဲ့လာပြီးပြီ Night market က ထင်သလောက်သိပ်အဆန်းကြီးတော့လည်းမဟုတ်ပါဘူး"

အပြုံးမျက်နှာ​လေးကညိုးငယ်သွားကာ

"ချန်း​ယောင်း ဘာလုပ်တာလဲ ကိုကိုနဲ့မှ အတူလာမယ်ပြော​ထားပြီး ကိုကို့ကိုမ​စောင့်ဘူး ကတိဖျက်တာပဲ"

"မသိနိုင်ဘူးလေ ဒီတစ်ခေါက်လည်း ရှေ့တစ်​ခေါက်ကလို ချိန်းထားတဲ့သူက ကောင်မ​လေးတစ်ယောက်နဲ့ဒိတ်​နေလောက်မလားလို့ မ​စောင့်နိုင်လို့ သူငယ်ချင်းတွေနဲ့လာလိုက်တာ"

အန်တွန်ခနဲတဲ့တဲ့ ပြော​နေတာကို ဝန်ဘင်းရဲ့မျက်နှာလေး အတိုင်းအဆမရှိအားပါးတရပြုံးယောင်သမ်းလို့

"ဘ...ဘာလဲ ဘာလို့ပြုံးစိစိလုပ်​နေတာလဲ"

"ဝိုး...အန်တွန် ကြည့် ပြော​တော့ ကိုကို့ကို စိတ်မဆိုးပါဘူး​ စိတ်မ၀င်စားပါဘူးနဲ့ အမယ့် စိတ်ဆိုးနေခဲ့တာပဲ"

You've reached the end of published parts.

⏰ Last updated: May 24 ⏰

Add this story to your Library to get notified about new parts!

May-December Where stories live. Discover now