"AKK ငါ့ကို gp ထည့်ပေးမှာဆို"
အောင် အနည်းတွေဝေပြီးသွားတယ်
ပြီးမှ"ဪအေး ငါမေ့သွားတယ် ပြန်ရောက်ရင်ထည့်ပေးမယ်၊မေ့သွားတယ် ဟီး၊စိတ်မဆိုးနဲ့နော်"
ခြူးသက်နွယ် မျက်မှောင်ကြုံ့လိုက်မိသည်။
ခြူးသက်နွယ်ကား အသက်က ၁၅နှစ် အရက်ငါးပေခြောက်လက်မ ရှိပြီး ကျော့မော့တဲ့မျက်တောင်ရှည်၊ထင်းနေတဲ့ မေးရိုး၊အားကစားလိုက်စားလို့ တောင့်တောင့်တင်းတင်းနဲ့ကြည့်လို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်၊လူကြီးတွေပဲတက်တတ်တဲ့ လေးထောင့်မျက်မှန် ကိုတက်ဆင်ထားတယ်၊ဒါပေမဲ့ ထူးခြားစွာ လိုက်ဖက်နေတယ်။လူကတော့ကလေးဆန်တယ်၊အသွင်အပြင်ကတော့ရင့်ကျက်တယ်။(Alpha)
တစ်ဖက်မှာတော့ သူမနဲ့ မူကြိုကတည်းကပေါင်းလာတဲ့ သူငယ်ချင်း အောင်ကျော်ခန့် အတိုကောက် AKK မွေးရာပါ နှုတ်ခမ်းကွဲ ကြီးတော့ ခွဲစိတ်ပြီးပြန်လည်ကောင်းမွန်လာပေမဲ့ညမူကြိုကနေ ၂တန်းအထိအနိုင်ကျင့်ခံခဲ့ရတယ် ဒါပေမဲ့ ခြူးသက်နွယ်ကတော့ သူ့ကိုကာကွယ်ပေးခဲ့တယ် ။အဲ့ကတည်းကနေပြီး ၁၀နှစ်တိုင်တိုင် ပေါင်းလာခဲ့တယ်။စာတော်ပေမဲ့ ခဏခဏ မေ့တတ်တဲ့ ၁၆ အရွယ်ကောင်လေးတစ်ယောက်ပါ။(Alpha)
"ရပါတယ် ၊ငါ့မင်းကို ငါ့ သူငယ်ချင်းမို့ ခွင့်လွှတ်လိုက်မယ်၊ ညကျရင်ထည့်ပေးလိုက်"
"အေးပါကွာ မင်းကလည်း"
ခြူးသက်နွယ် သက်ပြင်းတစ်ချက်ချပြီး ခွေးလေးတွေနဲ့ ခဏဆော့ပြီး အိမ်ပြန်သွားလိုက်တယ်။
ညရောက်တော့ telegram မှာ gp တစ်ခုထဲ invite ထားခံရတော့ AKK ထည့်လိုက်မှန်းသိသွားတယ်၊
သူတစ်ချက်ပြုံးလိုက်ပြီး"အင်း၊တော်တော်ကြာတာပဲ ၊ရပါတယ်လေ"
သူ gp ထဲရောက်ရောက်ချင်း hi လိုက်တယ် AKK ကို ကြွက်ကြီးဆိုပြီး လိုက်စနေတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်တယ်။ ခြူးသက်နွယ်ထင်တာက ဒီ gp ထဲ ယောက်ျားလေးတွေပဲရှိတယ်ပေါ့။အဲ့မိန်းကလေးက ရိုင်းပေမဲ့ ချစ်ဖို့ကောင်းတယ်လို့ တွေးမိသွားတယ်။ခြူးသက်နွယ်စိတ်ဝင်စားသွားတယ်၊ အဲ့ကောင်မလေးနဲ့ စကားပြောကြည့်လိုက်တယ် gp ထဲက တခြားလူတွေကိုရောပေါ့ ၊သူတို့ကလည်း ခြူးသက်နွယ်ကို ယောက်ျားလေးထင်နေကြတယ် ။