Unicode
Love is pain ~
အချစ်ဆိုတာ နာကျင်မှု....__
The Royal Hospital 🏥
"ထယ်ယောင်းရှီး ဂျွန်ဂျောင်ကုကို သတိနဲ့ ဆတ်ဆံဖို့ လိုမယ်။ သူ့ရဲ့ စိတ်အခြေနေက အရမ်းကို သိမ့်မွေ့ နေတယ်။ "
"ဘယ်လို အံ့ဩသင့်စရာမျိုး ၊ သတင်းဆိုးမျိုးကမဆို သူ့ရဲ့ အာရုံကြောစနစ်ကို လုံးဝပျက်စီးသွားစေနိုင်တယ်။ အဲ့ဒီလိုဆို သူ့ကို ပြန်မှတ်မိအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့တာလည်း ဖြစ်သွားနိုင်တယ်။ "
ဘိုဂမ်တစ်ချတ် သက်ပြင်းချလိုက်ပြီး....
".... ပြီးတော့ ထယ်ယောင်းရှီး မှတ်ထားပေးပါ။ ထယ်ယောင်းရှီးက ဂျွန်ဂျောင်ကုကို အပြင်လောကနဲ့ ဆတ်သွယ်ပေးထားတဲ့ တစ်ခုတည်းသော ပေါင်းကူးတံတားပါ "
" ထယ်ယောင်းရှီး အဆင်သင့်ဖြစ်ရင် စကြတော့မလား။ "
"... ...."
"ထယ်ယောင်းရှီး စိတ်လှုပ်ရှားနေမယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ ထယ်ယောင်းရှီးကပဲ ဂျွန်ဂျောင်ကု မှတ်ဉာဏ်တွေ ပြန်ရနိုင်ဖို့အတွက် အဓိက သော့ချတ် ဖြစ်နေလို့ပါ "
" ကျွန်.. ကျွန်တော် ကြိုးစားကြည့်ပါ့မယ် "
" ကျေးဇူးပါ။ ဒါဆို ကျွန်တော် တစ်ချတ်သွားစစ် ဆေးကြည့်ပြီးရင် ထယ်ယောင်းရှီးကို ခေါ်လိုက်ပါမယ်.. "
ထယ်ယောင်း ဒေါက်တာကို ခေါင်းအသာအယာ ငြိမ့်ပြလိုက်ပြီး.. ရှေ့ဆတ်ဘယ်လို ဖြစ်လာမလဲ ဆိုတာကြိုတွေးပြီး ပင့်သက်ရှိုက်မိသည်။
____
တိတ်ဆိတ်နေသော ဆေးရုံးအခန်းအတွင်း ၌ မှန်ပြတင်းမှ အလင်းရောင်က ထင်းလင်းစွာ ဝင်ရောက်လို့နေသည်။ အချိန်အားဖြင့် မနတ် ၉နာရီ ဖြစ်သည်။
"ဂျောက်..!"
တစ်ခုတည်းသော တံခါးပေါက်ကို လှည့်ဖွင့်ရင်း ဝင်လာလိုက်လျှင်....
ကုတင်ပေါ်၌ လှဲနေသော ထိုလူသား ခန္ဓာကိုယ်မှာ ပတ်တီးတွေကလည်း ဟိုတစ်စ ၊ သည်တစ်စ အဖွေးသား။ ဒီလောက် ဒဏ်ရာတွေ အများကြီးနဲ့ ဘယ်လောက်တောင် နာကျင်ခဲ့လိုက်မလဲ။
YOU ARE READING
NO DEAT MAN
Fanfictionဤ Fiction သည် India Movie"Jab Tak Hai Jaan" ကို မူတည်၍ Taekook Ver အနေနဲ့ ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။ "‼️အရေးအသားမကောင်းသည့် အတွက် မဖတ်ကြပါနှင့်။ "‼️