Part 10

212 15 0
                                    


မတွေ့ပဲ ရှောင်နေပေမဲ့ စိတ်က တစ်ခုခုလိုနေသလိုပဲ
Daou တစ်ယောက် စဥ်းစားခန်း ဖွင့်ရပြီ

ငါဘာလို့ သူ့ကို ရှောင်နေတာလဲ ငါမချစ်ရင်
ငါက ဘာလို့ အခုလိုဖြစ်နေရမှာလဲ

ပြီးတော့ ဘာလို့ အဲ့ကောင်လေးကို သတိရနေသလိုဖြစ်နေတာလဲ

ဟူး.......ဘာဖြစ်ချင်တာလဲ Daou ရာ

ထိုအချိန်....

Off သူငယ်ချင်းများ....ဒေါက်! ဒေါက်! P daou
တံခါးဖွင့်ပေးပါအုံး

Daou...ဘာဖြစ်လာကြတာလဲကွ

Off fri...ဟိုလေ ကျွန်တော်တို့ သူငယ်ချင်း Off လေ
ဟို..ဟို..ဟို

Daou...စိတ်မရှည်တော့ Off ဘာဖြစ်တာလဲ မြန်မြန်ပြောကွာ

တဟိုဟိုနဲ့...

Off လေ သူ့အခန်းထဲမှာ.. ဟို...ဟို

Daou တစ်ယောက် စကားဆုံးအောင် နားမထောင်နိုင်တော့ သူ့စိတ်က ဟိုကောင်လေးတစ်ခုခု ဖြစ်မှာ စိုးရိမ်နေပြိးမို့ အပြေးထွက်လာခဲ့သည်

Off...ငါစိတ်တွေ အေးဆေးစဥ်းစားဖို့အချိန်လိုပြီ
ဒါမှ ကိုကို ငါ့ကိုပြန်ချစ်ဖို့ နည်းလမ်းရှာနိုင်မှာ

ဒါကြောင့် ရေးချိုးခန်းထဲဝင် Music အကျယ်ကြီးဖွင့်ထားပြီး Bath tub ထဲ မျက်လုံးမှိတ် သီချင်းနားထောင်ရင်း ရေဝင်စိမ်နေလိုက်သည်

Daou..မသိစိတ်က အပြေးလာမိပြီး off အခန်းရှေ့ဝယ် ကြောင်တောင်တောင်ဖြစ်နေမိသည်

ငါဘာလို့ လာတာပါလိမ့် ငါသူ့ကို ချစ်မိနေတာလား
အာ...မဟုတ်ပါဘူး ငါတာဝန်ယူခေါ်ဆောင်လာတဲ့ ကျောင်းသားတွေမို့ ငါဂရုစိုက်တာ

ဘာပဲ ဖြစ်ဖြစ်ကွာ

ဒေါက်! ဒေါက်! ဒေါက်!

ဘာလို့လာမဖွင့်တာလဲ ဒေါက်! ဒေါက်!
ဆက်တိုက်တံခါးခေါက်နေလည်း
လာမဖွင့်သေးဘူး

အထဲမှာ ဒီကောင်လေး ဘာဖြစ်နေပါလိမ့်

Daou တံခါးလက်ကိုင် ကိုကိုင်ပြီးလှည့်ကြည့်လိုက်တော့ တံခါးက ပွင့်သွားသည်

အခန်းထဲ ဝင်လိုက်ပြီး Off ကိုခေါ်လိုက်သည်

သို့သော် ထူးသံမကြား
ထိုအခါ ရေချိုးခန်းထဲဝင်ကြည့်လိုက်ချိန်

Bath tub ထဲ မလှုပ်မယှက် ဖြစ်နေတဲ့ off ကိုတွေ့သွားပြီး
Daou တစ်ယောက် သူ့ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရသည်

ပြီးတော့ ဖြေးဖြေးချင်း off ရှိရာနား လျှောက်သွားပြီး

''ဘာလို့အဲ့လိုလုပ်ရတာလဲကွာ''

''ငါကြောင့် ဘာလို့ ကိုယ့်ကိုယ်ကို တန်ဖိုးမထားရတာလဲကွာ''

''ငါက မင်းပေးဆပ်မူ့နဲ့တန်တဲ့ ကောင်မို့လို့လားကွာ''

Daou ပြောလည်း ပြော ငိုလည်း ငိုပြီး off ကို ကိုင်လှုပ်လိုက်တဲ့အခါ

Off..မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ

ဟမ်..''ကိုကို'' ဘယ်လိုရောက်လာတာလဲ

ထိုအခါdaou တစ်ယောက် 'မင်းဘာမှမဖြစ်ဘူးလား''

off..ကျွန်တော်က ဘာဖြစ်ရမှာလဲ ကိုကိုကရော
ဘာလို့ ကျွန်တော်အခန်းထဲ ရောက်နေတာလဲ
ပြီးတော့ ရော 'ဘာလို့ ငိုနေတာလဲ'

Daou...off ကို သေချာစိုက်ကြည့်နေပြီး

မင်းကွာ!

ကိုကိုနဲ့ကောင်းကင်ငယ်Where stories live. Discover now