Part 2(Zawgyi)

67 4 0
                                    

Part 2#
....

ဟမ်?
သူယူမလို့ ပြင်နေသည့် နာရီကို ဘယ်သူကများ ယူလိုက်သည်လဲ?လက်ကလေးက ဖြူဖွေး နုဥ နေပုံကိုကြည့်ရသလောက်တော့ မိန်းကလေးဖြစ်မည်ထင်သည်။ရှိုင်း ထိုသူ၏မျက်နှာကိုကြည့်မိတော့ မျက်နှာဖွေးဖွေး ကြည်ကြည်လေးပေါ်မှာ လှပတဲ့မျက်ဝန်း၊ နှာတံစင်းစင်းပေါ်မှာ တင်ထားသည့် မျက်မှန်ဝိုင်းလေး၊ နှုတ်ခမ်းဖူးဖူးလေးနှင့် wavy hair ခပ်အုပ်အုပ်လေးဖြင့် ဖော်ရွေမည့်ပုံစံနှင့် ကောင်လေးတယောက် ဖြစ်နေသည်။ အကယ်၍ သူသာမိန်းကလေးဆိုလျှင် ယောက်ျားလေးများ ဝိုင်းဝိုင်းလည်နေမည့်ပုံမျိုးလေးပင်။အသက်ကတော့ 13 14 ဝန်းကျင်လောက်ဖြစ်မည်ထင်သည်။

ရှိုင်းသူ့ကို စိုက်ကြည့်နေမိတာ ကြာသွား၍လားမသိ၊ ထိုကောင်လေးကရှိုင်းကိုပြုံးပြလာသည်။ ထို့ကြောင့် နက်ရှိုင်းကပင် စကား စ ကာ..

''ဟိုလေ....နာရီက..''

''ဟင်?ဘာဖြစ်လို့လဲ?''

အို... ထိုဆံပင်အညိုလေးဆိုးထားသည့် ချစ်စဖွယ်ကောင်လေး၏အသံက သူ့ရုပ်ရည်လေးလိုပင် ချစ်ဖို့ကောင်းတာပါလား။

''ဒါက ကျွန်တော် ဝယ်မလို့ပြင်နေတဲ့ နာရီလေးပါ။ ဒီက ညီလေးကရော?ဝယ်မလို့လား?''

''ဟုတ်တယ်ဗျ၊ ဒါလေးက ချစ်စရာလေးမို့''

''ဒါဆို....''

ရှိုင်းတယောက် နာရီတင်ထားသည့် စဉ်ပေါ်ကြည့်လိုက်တော့ ဒီလိုပုံစံနာရီက တလုံးသာ ရှိတော့တာကြောင့် storeဆိုင် ဝန်ထမ်းတယောက်ကို ခေါ်ကာ..

''ဒီလို နာရီလေးနောက်တလုံးလောက် ရအုန်းမလားဗျ?''

''ရှင်?''

ဆိုင်ဝန်ထမ်း မိန်းကလေးက နာရီကို သေချာကြည့်ကာ..

''အာ.. မရှိတော့ဘူးရှင့်၊ နောက်လ လောက်မှ ရမယ်ထင်တယ်''

''ဒါဆို ဒီကညီလေးပဲယူလိုက်ပါတော့၊ အကိုက သိပ်အရေးမကြီးပါဘူး''

ထိုကောင်လေးက နာရီကိုတချက်ပြန်ကြည့်ကာ ရှိုင်းကိုပြုံးပြလာပြီး...

''ဟို....အကိုလိုချင်ရင်လည်း ယူလိုက်ပါ၊ ကျွန်တော်က ကျွန့်တော့်သူငယ်ချင်းကိုပေးဖို့ ပစ္စည်းလိုက်ရှာနေတာ၊ ဒီနာရီလေးကိုတွေ့တော့ သဘောကျမိလို့လေ၊ အမှန်တော့ ကျွန်တော့်သူငယ်ချင်းကလည်း နာရီတွေဘာတွေ သိပ်ပြီး မကြိုက်တတ်ပါဘူး''

မှားယွင်းခဲ့သော အချစ် [Myanmar BL]Where stories live. Discover now