Part-1

437 24 0
                                    

"စောက်သုံးကို မကျဘူး..အကုန်လာကြစမ်း!!"

ခပ်မာမာ အမိန့်ပေးသံတစ်သံ...
ခမ်းနားခြင်းတွေများစွာဖြင့် စီခြယ်ထား၍ထည်ဝါလှပသော အိမ်တော်ကြီးအနှံ့ မနက်အစောအကျည်းတန်စွာ အသံတစ်သံသည် ထမင်းစားခန်းမှစ၍ နေရာယူသွားလေသည်။

အိမ်တော်ကြီးထဲမှ maidsအတော်များများလည်း စီတန်းနေရာယူပြီးသည့်နောက် ထပ်မံ၍နေရာယူလာသည်က ကြွေပန်းကန်ကျကွဲသံ..။

'ခွမ်းးးခလွမ်းး..'

ကျကွဲတာထက် တမင်တသက်သက် ကွဲသွားစေဆိုတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့ပုံမျိုး..။

"ယောင်းငယ်က အစပ်မစားနိုင်ဘူးဆိုတာ မင်းတို့တွေ မသိကြဘူးလား??"

"........."

"မသိတာပဲလား??စောက်ဂရုကိုမစိုက်တာလား?ငါမေးနေရင်ဖြေတာကိုပဲ ကြိုက်တာနော်.."

အံကြိတ်သံ ခပ်နှောင်းနှောင်းနှင့်မေးလေသော အိမ်ကြီး၏အရှင်သခင်ကြောင့် maidတဦးထံမှ စကားထွက်ဆိုလာခဲ့လေသည်..။

စည်းစနစ်တင်းကျပ်သူတဦးလည်း ဖြစ်သည့်အပြင် အမှတ်မထင် ထစ်ခနဲရှိစိတ်ကြီးတတ်သလို သေမတတ်လည်း ညှင်းပန်းနှိပ်စက်တတ်သူမို့ အခုလို စိတ်ကြည်တုန်းဝန်ခံမှသာ...
မဟုတ်ရင် ထိုနေရာမှာပင်အသက်နဲ့ကိုယ် ထာဝရ အိုးစားကွဲသွားမည့် နိမိတ်အလား။

"ကျွန်မတောင်းပန်ပါတယ် သခင်.."

"ပြောပါဦး..ဖြေရှင်းချက်လေး.."

မျက်ဝန်းမှေးမှေးတွေက အကြင်နာတရားအရိပ်အ​​ယောင်တွေ ယောင်ယမ်းလို့တောင် သမ်းဝေသွားခြင်းမရှိခဲ့။
ပုံသေချမှတ်ထားတဲ့ စာအုပ်ကြီးလို တည်တည်ကြီးဖြင့် အေးစက်စက် စကားအသွားအလာတွေဟာလည်း လက်အောက်ငယ်သားတွေနှင့်သာဆို ခဏခဏထုတ်ပြန်ကြေညာပြီးသား..။

ယောင်းငယ်ကိုထိတဲ့လူမှန်သမျှ
မထိမလေးစားလုပ်တဲ့လူမှန်သမျှ
တမင်ကြံဖန်လုပ်တဲ့လူမှန်သမျှ..အကုန်အသေပဲဆိုတာ....။

ထိုကဲ့သို့ ကင်မ်ထယ်ယောင်းဆိုသော ကောင်လေးကိုသာ အရေးတယူချစ်ပေးတဲ့ အိမ်ကြီးရဲ့အရှင်သခင်ကတော့ ပတ်ဂျီမင်ပါ..။

စွန်Where stories live. Discover now