"Dear Mefia"
ep..1"မြမုန်းကတ္တီပါ စံအိမ်"....ရွှေရောင်ဖောင်းကြွနေသောစာတန်းတစ်ခုဘေးတွင်ကနုတ်ပန်းများခြံရံစွာဖြင့်ဆိုင်းကပ်ထားလေသည်...
ကြီးမားကာဆူးခွန်မွန်းလစ်တွေနှင့်ကာရံထားသောတံခါးကြီးမှာရွှေရောင်တောက်ပစွာရှိနေပြီးကျက်သရေရှိနေလေသည်..
ကျယ်ဝန်းသောခြံဝန်းထဲဋ်သသ်ပင်ပန်းမန်များအစီအရီစိုက်ပျိုးထားကာအုန်းပင်ပုလေးများဝန်းရံထားသောနေရာဋ်ကြည်ပြာရောင်ရေကန်လေးရှိလေသည်ညာဘက်ခြမ်းတွင်ဂေါက်ကွင်းသဏ္ဍာန်မြတ်ခင်းပြင်ကြီးကစိမ်းလန်းနေရာလေတစ်ချက်တိုးသွားတိုင်းပန်းရနံ့များကိုရရှိစေရန်ပန်းပင်များမှာလဲအမျိုးအစားခွဲကာအစီအရီပင်စိုက်ပျိုးထားလေသည်...အိမ်၏စင်ဝင်အောက်တွင်တန်ဖိုးကြီးသောကားများနှင့်ညာဘက်စင်ဝင်အောက်တွင်ဆိုင်ကယ်နှစ်စီးနှင့်စက်ဘီးနှစ်စီးတို့ကလှပစွာနေရာယူထားလေသည်..."ဟဲ့မြန်မြန်လုပ်ကြစမ်းသခင်လေးနိုးတော့မယ်.."
ကျယ်ဝန်းသောဧည့်ခန်းထမင်းစားခန်းမီးဖိုခန်းနှင့်နေရာအနှံ့အပြားတွင်အိမ်အကူများပြာယာခတ်နေကြလေသည်..အိမ်အကူခေါင်းဆောင်ကြီးဒေါ်အတာကအိမ်အကူများအားလုံးကိုအလုပ်တွေအမြန်ပြီးစေရန်ညွှန်ကြားနေပြီးသူလဲပြာယာနေလေသည်..
"မိစုံသခင်လေးကဒီမနက်ပေါင်မုန့်ယိုသုတ်မစားဘူးနော်ပေါင်မုန့်ကြက်ဥကြော်ကြားလား.."
"ဟုတ်.ဟုတ်"
"ဟယ်နေအုန်းကြက်ဥကိုသက်သက်ကြော်ပေးနော်ပြီးမှပေါင်မုန့်နဲ့ရောညှပ်ပေးရမှာအော်..အကာကျက်ပြီးအနှစ်မကြက်တာနော်"
"ဟုတ်ကဲ့ "
"ခွမ်း.."
"အမလေး."
"ဟင်"
"ဟယ်"
"ဒုက်ခပါပဲ"
ပြာယာနေရင်းကြားမှကော်ဖီဖျော်နေသောကောင်မလေးလက်မှခေါ်ဖီခွက်ပြုတ်ကျသွားကာအားလူံးငြိမ်သက်သွားပြီးဟင်ဟာဖြစ်ကုန်လေသည်...
"မြူမြညည်းဘယ်လိုလုပ်လိုက်တာလဲ ဒုတ်ခပါပဲ"
"ဘယ်..ဘယ်လိုလုပ်ရမလဲကြီးကြီး.ဟိုဟို..သခင်လေးနိုးသွားပြီလားမသိဘူး"