"Dear Mafia"
ep..2
"ခင်များကျုပ်ကိုသစ္စာဖောတ်တာဘယ်နှစ်ကြိမ်ရှိပြီလဲဦးနေလင်း"
"ဟို..ဟို..ကျ..ကျွန်တော်တောင်းပန်ပါတယ်ဗျာ"
"ကျစ်"
နီယွန်အလင်းမှိန်မှိန်နှင့်အေးစက်စက်အခန်းငယ်ထဲတွင်ဒဏ်ရာဗလပွနှင့်လက်ပြန်ကြိုးတုပ်ခံထားရသောဦးနေလင်းမှာကြမ်းပေါ်ဒူးထောက်လျက်အနေအထားနှင့်အကြောက်အကန်တောင်းပန်နေလေသည်အနက်ရောင်ဝတ်စုံပြည့်နှင့်လူငယ်ငါးယောက်တစ်ဖတ်တစ်ချက်ဝန်းရံခံထားရပြီးထိုအခန်းအလယ်မှစုံလယ်ခုံပေါ်တွင်ဝိုင်ခွက်ကိုင်ကာခြေချိတ်ထိုင်နေသူ..တည်တံ့ထည်ဝါ....
"အနေလို့လွှတ်ထားတာမဟုတ်ဘူးနော်လူလိုသိမလားလို့အခွင့်ရေးပေးထားတာ"
"ဟုတ်..ဟုတ်ကဲ့"
"ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့သူတွေရဲ့ဇာတ်သိမ်းကဘာလဲသိလားဦးနေလင်း"
"ဗျာ.."
ဦးနေလင်းအလန့်တစ်ကြားဖြစ်မျက်လုံးပြုးကာဒူးထောက်လျက်ပင်ရှေ့သို့တိုးရွေ့လာကာ...
""ဦးကိုချမ်းသာပေးပါမောင်တည်တံ့ရယ်ဦးမှာမှီခိုနေရတဲ့မိသားစုရှိသေးလို့ပါ"
"စိတ်ချတစ်မျိုးလုံးမျိုးဖြုတ်ပေးမယ်သစ္စာမရှိကတိမတည်သူတွေရဲ့ဇာတ်သိမ်းကဘာလဲဆိုတာ်ားလုံးသိစေရမယ်"
"မင်း..မင်း..ယုတ်မာလှချည်လားမင်းကိုငါသက်မယ်တည်တံ့ထည်ဝါမင်းကိုငါသက်မယ်အား..."
အရူးတစ်ယောက်လိုအော်ဟစ်နေသောဦးနေလင်းအားကျောခိုင်းကာတည်တံ့အခန်းပြင်ထွက်လာခဲ့သည်သူ့နောက်သို့လိုက်လာသောသူ၏လူယုံတော် သွင်ဘုဏ်းမာန်မှ...
"သူ့ကိုဘယ်လိုလုပ်လိုက်ရမလဲဘောစ့်"
"သက်လိုက်"
"သူ့မိသားစုကိုရော"
"လျော်ကြေးပေးပြီးငါမမြင်နိုင်တဲ့အဝေးကိုမောင်းထုတ်လိုက်"
"ဟုတ်ကဲ့ပါဘောစ့်"
အမိန့်ရသည်နှင့်သွင်ဘုဏ်းမာန်အခန်းထဲပြန်ဝင်သွားလေသည်...
ခနအကြာသေနက်သံနှစ်ချက်အားတည်တံ့နားထောင်ပြီးအလုပ်ဝင်ရန်အညိုရင့်ရောင်ကုတ်အကျိ်အားဆွဲဆန့်ပြီးတံခါးဖွင့်ကာအသင့်စောင့်ကြိုနေသော BMWအနီရောင်ကားပေါ်သို့တက်သွားလေသည်...