part-14

3.5K 21 0
                                    

(အပိုင်း-၁၄)

ဒေါ်မေဇင်ဦးညနေအိမ်ပြန်လာတော့ သားရဲ့ကားကိုတွေ့တာနဲ့ သူမသားအခန်းထဲဝင်လာတော့ သူမရဲ့မျက်စိကိုသူမ မယုံချင်။သူမရဲ့သားက ငယ်ငယ်ကတည်းက လိမ္မာတဲ့ကလေးဖြစ်သည်။ကုတင်ထက်မှာ စောင်တစ်ပိုင်းဖုံးနဲ့ အပေါ်ကိုယ်ခန္ဓာမှာ အဝတ်ယူ၍ဘာမှမရှိ။

"သား ထစမ်း ဒါဘယ်လိုဖြစ်နေတာလဲ"

မေမေလှုပ်နိုးနေတော့ မထချင်ထချင်နဲ့ ထလိုက်ပြီး ခေါင်းတွေကတအားကိုက်နေသည်။

"ရေချိုးပြီး အောက်ကိုဆင်းလာခဲ့ ဖေကြီးပြန်လာခဲ့တော့မှာ"

ဒေါ်မေဇင်ဦး သားအခန်းထဲကမထွက်ခင် Three K ရွှေဆိုင်တံဆိပ်နဲ့ ဗူးကိုမြင်တော့ သူမမေးလိုက်သည်။

"ဒါလာပို့တဲ့မိန်းကလေးနဲ့ သားတွေ့လိုက်လား"

"မသိဘူး အဲ့ဗူးအဲ့ရောက်နေမှန်း"

သူမ လာပို့ပြီးပြန်သွားတာပဲ ဒါသာမာန်ကိစ္စပဲဆိုပြီး ဘာအတွေးမှမရှိပေ။ကြမ်းပြင်ပေါ်က အလှဝတ်ဖန်စီအင်္ကျီကြယ်သီးကိုမြင်လိုက်တော့ ဒေါ်မေဇင်ဦးထိတ်လန့်သွားရသည်။သူမသားကိုမေးရင်လဲ ဘာမှသိမှာမဟုတ်တာကြောင့် ငယ်သွေးဆီကို သွားမေးလိုက်သည်။

"ငယ်သွေးရေ နင့်အကိုလေးမှာ ကောင်မလေးရနေပြီလား"

"မသိဘူးဒေါ်ဒေါ်  နေ့လည်ကတောင် မမလှလှလေး ပစ္စည်းဗူးလာပေးသွားတယ် အဲ့မမက အကိုလေးနဲ့အသိတဲ့ ငယ်သွေးခြံထဲဆင်းလာပြီး အပင်တွေကိုကပ်ကြေးနဲ့ ညှပ်ပြီးတာတောင် အတော်နဲ့ မဆင်းလာဘူး"

"ဘာ ဘယ်လို သူကဘာလို့အပေါ်ထပ်ကို တက်သွားတာလဲ"

"မမက ကိစ္စလေးရှိလို့အပြီးပေးသွားချင်တယ်ဆိုပြီး အကိုလေးကိုခေါ်တော့လဲ မဆင်းလာတာနဲ့ အပေါ်ကိုတက်ပြီး ပစ္စည်းသွားပေးတာ"

"ညည်းနဲ့အတူလား"

သူမထင်သလိုမဖြစ်ပါစေနဲ့ဆုတောင်းလိုက်ပေမယ့် ဆုတောင်းကမပြည့်လိုက်ပေ။

"အကိုလေးက အော်ပြီးဗူးနဲ့ပေါက်လို့ ကြောက်ပြီးအောက်ဆင်းလာတာ မမနဲ့ကအသိတွေဆိုတော့ စကားပြောနေကြတာထင်တယ် ဒါနဲ့လေ သူတို့နောက်ပိုင်းစကားများသွားသေးလားမသိဘူး အဲ့အမပြန်တော့ကြည့်ရတာတစ်မျိုးပဲ အလာတုန်းကနဲ့မတူဘူး "

ရွှေဆိုင်သေးသေးလေးနဲ့တစ်မိသားစုလုံးမှီခိုစားသောက်နေတဲ့အဲ့မိန်းကလေးနဲ့ သူမသားကို ဘယ်လိုမှသဘောမတူနိုင်ပေ။သူမသားဟာ ဒီကိစ္စကိုသိလျှင် ထိုမိန်းကလေးကိုလက်ထပ်မှာ သိနေသဖြင့် ဒီကိစ္စကို ဖုံးထားရမည်။

"ငယ်သွေး ဒေါ်ဒေါ်ပြောတာ နားထောင်နော် ဒီနေ့အိမ်ကိုဘယ်သူမှမလာဘူးနော် အဲ့မိန်းကလေးရောက်လာတာ ညည်းအကိုလေးမသိစေနဲ့ သူမမူးတော့ရင် မူးနေတုန်းကအကြောင်းတွေကိုသိတော့မှာမဟုတ်ဖူး အဲ့မိန်းကလေးနဲ့က တည့်ကြတာမဟုတ်ဖူး"

"ဟုတ် ဒေါ်ဒေါ်"

မမနဲ့အကိုလေးက ရန်ဖြစ်ခဲ့ကြလို့ ငယ်သွေးခေါ်တာ အဖတ်မလှုပ်တာဖြစ်မည်။

"သားရေ ရေချိုးပြီးပြီလား"

"ပြီးပြီမေ"

သူမသားအခန်းထဲ သံပုရာရည်ဗန်းကိုင်ပြီး ဝင်သွားလိုက်သည်။

"ရော့သံပုရာရည်လေး သောက်ဦး နောက်ခါဒီလိုဖြစ်ပျက်နေတာ မေမေ မမြင်ချင်ဘူးနော်"

"ဟုတ်မေမေ"

လူကနုံးချိနေကာ အရက်နာကျတယ်ဆိုတာ ဒီလိုမျိုးဖြစ်မည်။အမူးကလဲ မပြေသေးတာကြောင့် မေတိုက်တဲ့ အအေးသောက်ပြီး ဆက်အိပ်လိုက်သည်။

နောက်တစ်နေ့...

"သမီးက ခိုင်ခင်ခင်လား"

"ဟုတ် အန်တီ"

သူမနဲ့တွေ့ချင်တယ်ဆိုသောကြောင့် ကော်ဖီဆိုင်မှာချိန်းထားသဖြင့် ကိုသန့်စင်နဲ့သူမအကြောင်း သိသွားပြီလားဆိုတဲ့စိတ်နဲ့ အန်တီ့ဘက်ကဘာပြောမလဲဆိုတာ ထိတ်လန့်တုန်လှုပ်နေမိသည်။

"သမီးက ချစ်စရာကောင်းလိုက်တာ "

"အန်တီလဲအရွယ်တင်နုပျိုတယ်နော် အသက် ၅၀ကျော်ဆိုတာ ပြောရင်ယုံမှာမဟုတ်ဘူး "

"အန်တီ့မှာလေ သားတစ်ယောက်ထဲရှိတာ သူနဲ့အဆင့်ချင်းတူတဲ့မိန်းကလေးနဲ့ ရှေ့လဆိုရင် စေ့စပ်ပေးတော့မလို့"

သူမကိုရှေ့ထားပြီး စကားအလှသုံးကာ အဆင့်တန်းမတူလို့ သဘောမတူကြောင်းပြောနေမှန်းသိသည်။

"ကောင်းပါတယ် သမီးကတော့ လူလူချင်းစာနာတတ်ပြီး လူကိုလူလိုမြင်တတ်တဲ့ တာဝန်ယူမှုရှိတဲ့ အတိုင်းအဝိုင်းထဲကလူနဲ့ ရချင်တယ် ဒါမှကိုယ်မွေးရင်လဲ ကိုယ်ကျင့်တရားကောင်းတဲ့သူဖြစ်မှာ"

သူမအပြန်လမ်းမှာ ဆေးဆိုင်ရှေ့ဖြတ်တော့ ဝယ်ဖို့ဆိုင်ထဲဝင်လိုက်သည်။ဆေးကside effectများသဖြင့်ဓမ္မတာလာပြီးတာရှေ့၂ရက်ကမို့ ကိုယ်ဝန်မရနိုင်ချေများသောကြောင့် paracetalmal တစ်ကဒ် ဝယ်လာခဲ့လိုက်သည်။

မောင့်အချစ်ရဆုံးWhere stories live. Discover now