အခန်း(၁)

46 6 0
                                    

"ငါ့ကို နည်းနည်းလေးဖြစ်ဖြစ် အာရုံစိုက်ပေးလို့မရဘူးလား လီယွန်"

"ဘာလို့အခုနောက်ပိုင်း ဒီစကားပဲအက်ကြောင်းထပ်နေရတာလဲ ဝင်ဒီ"

"ငါ...ငါတကယ်ကိုအေးစက်လာသလိုခံစားရနေလို့"

"နင်ဘာဖြစ်နေတာလဲ၊ဝင်ဒီ..နေမကောင်းဘူးလား"

"မဟုတ်ဘူး...ငါတို့ဆက်ဆံရေးက...."

"ဆောရီး...ဝင်ဒီ ငါအခုသွားမှရတော့မယ်၊စာတမ်းရေးဖို့တဖက်လူနဲ့ချိန်းထားတာ‌နောက်ကျသွားရင်မကောင်းဘူး။အားနာစရာကြီး"

ပြန်ဖြေတာ‌တောင်မစောင့်နိုင်ဘဲ အလောတကြီးထွက်သွားတဲ့ လီယွန်ရဲ့ကျောပြင်ကို သူမငေးကြည့်နေမိသည်။သိပ်ကိုတက်ကြွပြီးအပေါင်းအသင်းဝင်ဆန့်တဲ့ ကောင်လေးနဲ့ သူမလိုတိတ်ဆိတ်နေတတ်ပြီးအပေါင်းအသင်းနည်းတဲ့ကောင်မလေးက မေဘယ်လ်ပြောသလိုတကယ်ပဲလိုက်ဖက်မနေခဲ့ဘူးလား။"ငါတို့၂ယောက်အဆင်ပြေနေတယ်လို့ငါအမြဲတွေးနေတာလေ လီယွန်ရယ်"

ဘာတွေများလွဲမှားနေခဲ့ရတာလဲ??

.......

တော်တော်ဖြင့်အိပ်မပျော်နိုင်သောကြောင့် သူမအိပ်ခန်းထဲမှာစာအုပ်ဖတ်နေလိုက်သည်။ဖတ်နေရင်း မျက်ရိုးကိုက်လာတော့မှ သူမအချိန်ကိုကြည့်မိတော့ ည၁၂နာရီကျော်ပြီဖြစ်သည်။တစ်ခုခုထဲအာရုံနစ်ဝင်ပြီဆို ဘာမှသတိမထားမိတတ်သောအကျင့်ကြောင့်သူမပြုံးလိုက်မိသည်။စကားနည်းသည့်သူမအတွက်တော့ စာအုပ်များကအဖော်ပင်။လူတစ်‌ယောက်နဲ့စကား‌ပြောပြီး‌နေရချင်းထက်စာ‌အုပ်‌ တွေဖတ်ပြီးအတွေးနယ်ချဲ့ရတာကိုသူမပိုသဘောကျသည်။ ဒါကြောင့်ပဲ စာဖတ်ဝါသနာတူတဲ့ သူမချစ်ရတဲ့လီယွန်နဲ့ ဆုံခဲ့ရသည်။သူမစာအုပ်စင်မှာဆိုလည်း လီယွန်လက်ဆောင်ပေးထားသည့်စာအုပ်အရေအတွက်ကများသည်။စာရေးဆရာပေါက်စတဖြစ်လဲ သူမ၏ချစ်ရသူလီယွန်နဲ့ စာအုပ်အကြောင်းတွေ ဆွေးနွေးရတာကိုသူမတကယ်သဘောကျမိသည်။သူရဲ့စာတိုလေးတွေ၊‌နေ့စဉ်ဖုန်းပြောခြင်းတွေ၊ကော်ဖီတစ်ခွက်နှင့်စာအုပ်များကသူမရဲ့နေ့စဉ်ဘဝလိုတောင်ဖြစ်နေပြီ။ထိုသူအကြောင်းတွေးမိတော့ သူမမျက်နှာပြုံးရိပ်ထင်ရပြန်သည်။

Wendy's LeonWhere stories live. Discover now