အခန်း(၂)

27 5 0
                                    

'ကောင်လေးနဲ့ကောင်မလေးကဆန်းကြယ်တဲ့ ကံကြမ္မာကြောင့်တွေ့ဆုံကြတာလား??တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်ကြတယ်ဆိုတာ ဘယ်လိုမျိုးပါလိမ့်?'

.....

"ငါနင့်ကို သဘောကျတယ်ဝင်ဒီ၊ငါတို့တွဲကြရအောင်"

"......................"

သူမတုန့်ပြန်မိပါ။ဘယ်လိုတုန့်ပြန်ရမည်ကိုမသိ၍ မဟုတ်ဘဲ စိတ်လှုပ်ရှားရလွန်းလို့သူမကြောင်အနေမိခြင်းသာ။ဘာလိုဆိုလီယွန်ဆိုတာက သူမအလယ်တန်းထဲက တိတ်တခိုးသဘောကျရသည့်ကောင်လေး။စာသင်ခန်းထဲမှာဆို ထိပ်ဆုံးရောက်လွန်းသည့်ကောင်လေးကို သာမန်ကောင်မလေးဖြစ်သည့်သူမက အမြဲတိတ်တဆိတ်စောင့်ကြည့်ခဲ့ဖူးသည်။သူအထက်တန်းရောက်တော့ ကျောင်းပြောင်းသွားခဲ့တုန်းကဆို သူမ တိတ်တ်လေးကြေကွဲဖူးသည်။ဘဝမှာပထမဆုံးစတင်သဘောကျမိသော ကောင်လေး။အထက်တန်းအောင်တော့ သူငယ်ချင်းဖြစ်သူ မေဘယ်လ်၏မိတ်ဆက်ပေးမှုကြောင့် တဖန်ပြန်ရင်းနှီးလာခဲ့ရသည့်ဆက်ဆံရေးလေး။သူငယ်ချင်းဆက်ဆံရေးမှာပဲအမြဲပိတ်မိနေမယ်လို့တွေးမိတာကြောင့် သူမဘာကိုမှမျှော်လင့်မထားခဲ့တာ။အခုတော့ လီယွန်က သူမကိုသဘောကျတယ်တဲ့လား။သူ့မျက်နှာ(အထူးသဖြင့် သူ့မျက်လုံး‌ တွေ)ကိုအကဲခတ်ကြည့်တော့ ရေပြင်ညီမျဉ်းလိုတည်ငြိမ်လွန်းလှသည်။သူ့စိတ်ကိုဖတ်မရခဲ့။

"ငါမယုံဘူး လီယွန်"

"ဘာလဲငါကရည်းစားရူပ်တယ်လို့ မေဘယ်လ်ကနင့်ကိုပြောထားလို့လား"

"ငါတို့ပြန်တွေ့တာလပိုင်းပဲရှိသေးတာလေ"

"အဲ့တော့...."

"မဖြစ်နိုင်လိုက်တာ၊မနောက်စမ်းပါနဲ့လီယွန်"

"တိတ်တိတ်လေးကြိုက်နေရတာ မပင်ပန်းဘူးလား၊ဝင်ဒီ"

"ဘာ!!"

"ငါကတော့ပင်ပန်းတယ်၊အဲ့ဒါကြောင့်မလို့.."

"ပေါ့ပြတ်ပြတ်မပြောနဲ့လီယွန်"

"ဘယ်လိုပြောမှ နင်ကအတည်ထင်မှာလဲ"

"...................."

"ကောင်းပြီလေ၊ဒီမှာ ငါပြောမယ်ဝင်ဒီ၊ငါအရင်ကရည်းစားများခဲ့တာကိုဝန်ခံတယ်၊ဒါပေမယ့် နင်ကတော့မတူဘူး၊ငါ့အတွက်ထူးခြားတယ်၊အဲ့ဒါကြောင့်ငါရဲ့ soulmate လေးလုပ်ပေးပါလား"

Wendy's LeonWhere stories live. Discover now