16

82 16 1
                                    

နွေဦးလေပြေဆိုတာအချိန်ပြည့်မတိုက်ခတ်နိုင်ကြောင်း မာ့ခ်သိခဲ့ပေမယ့် ဟယ်ချန်းနဲ့အတူရှိခွင့်ရတဲ့အေးချမ်းတဲ့နေ့ရက်တွေက အချိန်အကြာကြီးဆက်ရှိဖို့ကို မာ့ခ်မျှော်လင့်ခဲ့မိသည်။
သူ့ဆန္ဒတွေကမပြည့်တတ်ထုံးစံအတိုင်း ဟယ်ချန်းနဲ့အတူရှိခွင့်ရတဲ့ နွေဦးအိပ်မက်လှလှလေးက နွေဦးရာသီရဲ့တစ်ရက်သောညနေမှာ အက်ကွဲပျက်စီးသွားခဲ့ရသည်။
အကြောင်းမှာ ဟယ်ချန်းနဲ့ဂျဲနိုအကြောင်း အစအဆုံးသိထားတဲ့ ဟယ်ချန်းသူငယ်ချင်းက ဗန်ကူးဗားကိုရောက်လာခဲ့ခြင်းကြောင့်ပင်။

“ ဟယ်ချန်း? ”

‌အိမ်ပြန်ဖို့စက်ဘီးထုတ်နေတုန်း အနောက်ကခပ်ဝဲဝဲကိုရီးယားစကားသံကြောင့် ဟယ်ချန်းလှည့်ကြည့်လိုက်မိသည်။

“ တကယ်ကြီး ဟယ်ချန်းပဲ ”

ပြောလဲပြော ပွေ့လဲပွေ့ဖက်လာတဲ့သူကြောင့် ဟယ်ချန်းအဝောာင့်လိုက်ကြီးရပ်နေမိသည်။

“ ဘယ်သူပါလဲ ”

“ အယ် ငါ ရှိုထာရိုလေ မမှတ်မိဘူးလား မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ ဂျဲနိုကိစ္စကြားလိုက်တာ စိတ်မကောင်းပါဘူး ”

သူ့ရှေ့ကကောင်လေးဆီက ဂျဲနိုဆိုတဲ့အမည်နာမကိုကြားလိုက်ရတော့
နားထဲမှာပဲ့တင်သံလိုအသံတွေကြားယောင်လာမိတာကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နားနှစ်ဖက်ကိုပိတ်ထားလိုက်မိသည်။
သူ့အပြုအမူကြောင့်တစ်ဖက်လူကလဲစိတ်ပူသွားသည်ထင် ချက်ချင်းထိုင်ချလာကာ အဆင်ပြေရဲ့လား တတွတ်တွတ်မေးလာတော့သည်။

ခဏလေးလောက်အသက်မှန်မှန်ရှူပြီး စိတ်ကိုလျော့ချလိုက်တော့မှ နားထဲကအသံတွေပျောက်ကွယ်သွားတာမို့ ဟယ်ချန်းစိတ်ထဲသက်သာရာရသွားပြီး ထရပ်လိုက်ရသည်။
သူ့ဘေးမှာတော့ ရှိုထာရိုကစိတ်ပူနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေဆဲ။

” အဆင်ပြေရဲ့လား ”

“ အော ”

“ တော်သေးတာပေါ့ လန့်သွားတာပဲ ”

ဟယ်ချန်း စကားအေးအေးဆေးဆေးပြောနိုင်ဖို့ ရှိုထာရို့ကိုကျောင်းနဲ့မလှမ်းမကမ်းကိတ်မုန့်ဆိုင်လေးကိုခေါ်လာခဲ့လိုက်သည်။
ဒီဆိုင်လေးက ဟယ်ချန်းတို့ကျောင်းကကျောင်းသားတွေ အများဆုံးလာလေ့ရှိတဲ့ဆိုင်လေးဖြစ်တဲ့အပြင် အတန်းပြီးချိန်လဲဖြစ်နေသေးတာမို့ လူအတော်ကျနေပေမယ့် သူ့ဝိုင်းနဲ့သူ စာလုပ်နေသူတွေများတာကြောင့် ဆူညံနေခြင်းတော့မရှိ။

Do you like BRAHMS Where stories live. Discover now