Heart

123 8 2
                                    

လေ​ပြေ​လေညှင်း​လေးများ တသုန်​သုန်​တိုက်​ခတ်​​နေ​သော သာယာလှပသည့်​ည​နေခင်း​လေးတစ်​ခုဝယ်​ ​ဝိုင်းစက်​ရွှန်းစို​နေ​သော ​ရွှေသမင်​မျက်​လုံး ​ဖောင်းဖို့နီရဲ​နေ​သောပါးမို့မို့ ပန်း​သွေး​ရောင်​နှုတ်​ခမ်းနုနှင့်​ နူးညံ့​ပျော့​ပျောင်း​သော​ရွှေအိုရောင်​ဆံပင်​များကို ကပိုကယိုချည်​ထား​သောမိန်းမပျို​လေးတစ်​ဦးသည်​ သာယာလှပ​သော​မြေနီလမ်းက​လေးဝယ်​ ဖြည်းညှင်းစွာ​လျှောက်​လှမ်း​နေ​လေသည်​။ထိုသို့ လွန်​စွာ​ချော​မောလှပ​သောမိန်းမပျို​လေးသည်​ ​မြေညီလမ်းနံ​ဘေး အပြာ​ရောင်​ခုံတန်း​လေး​ပေါ်ထိုင်​ကာ အတိတ်​၏​နေ့ရက်​များဆီသို့အ​တွေးနယ်​ပယ်​ ကျက်​စားလျက်​ရှိ​ပေသည်​။

Minho>>Taemin ငါတို့​ကျောင်းပြီးသွားရင်​​တောင်​ မခွဲ​ကြေး​နော်

Taemin>>oppaကလည်း ဘာလို့ခွဲရမှာလဲ ညီမတို့ကထာဝရတိုင်​ ချစ်​သွားမှာ​လေ

Minho>>အစ်​ကို​ရောပဲ ခုအိ​မ်​ပြန်​ကြမယ်​​လေ ည​နေ​စောင်း​နေပြီ

Taemin>>ဟုတ်​ အိမ်​​ရှေ့ထိလိုက်​ပို့​နော်

Minho>>ဟုတ်​ကဲ့ပါဗျာ ပြန်​ကြတာ​ပေါ့

ဤသို့နှင့်​ ချစ်​သူနှစ်​ဦးသည်​တစ်​ဦးလက်​ကိုတစ်​ဦး ခိုင်​မြဲစွာဆုပ်​ကိုင်​လျက်​ ဝင်​လုဆဲဆဲ​နေမင်​မင်းကြီးကို ​နောက်​ခံထားကာ ​အိမ်​အပြန်​လမ်းကို​ပျော်​ရွှင်​စွာ​လျှောက်​လှမ်း​နေကြကုန်​၏။

Taemin>>oppa တာ့တာ ​ကောင်း​ကောင်းပြန်​​နော်

Minho>>Taeminကိုမင်းကို​ပြောစရာရှိတယ်​ ကိုခရီးတစ်​ခုသွားစရာရှိတယ်​ တစ်​ပါတ်​​လောက်​အနည်းဆုံးကြာလိမ့်​မယ်

Taemin>>oppaဘယ်​ကိုသွားမှာလဲဟင်

Minho>>မသိချင်​ပါနဲ့ oppaမင်းအတွက်​အံသြစရာလက်​​ဆောင်​တစ်​ခု စီစဉ်​​နေတာ​လေ ဒီအ​တောအတွင်းဖုန်းဆက်​ဖြစ်​မှာမဟုတ်​ဖူး ကျန်းမာ​ရေးလည်းဂရုစိုက်​​နော်

Taemin>>oppaကလည်း ဘာလို့ခွဲရ​တော့မယ့်​သူ​တွေလို​ပြော​နေတာလဲ ​အရင်​ကလည်းခရီး​တွေသွားဖူးတာပဲကို

Minho>>အိမ်​ထဲဝင်​​တော့​လေ အပြင်​မှာ​အေးတယ်

Taemin>>ဟုတ်​​ကောင်း​ကောင်းသွားပါ ပြန်​လာရင်​လက်​​ဆောင်​​မျှော်​​နေမယ်​​နော်​ တာ့တာ

Minhoလည်းTaeminဝင်​သွားသည်​ကို​စောင့်​ကြည့်​လျက်​ ​လေးလံ​သော​ခြေလှမ်းများဖြင့်​ ဖြည်းညှင်းစွာထွက်​လာခဲ့​လေသည်

You've reached the end of published parts.

⏰ Last updated: Jun 24, 2015 ⏰

Add this story to your Library to get notified about new parts!

HeartWhere stories live. Discover now