လေပြေလေညှင်းလေးများ တသုန်သုန်တိုက်ခတ်နေသော သာယာလှပသည့်ညနေခင်းလေးတစ်ခုဝယ် ဝိုင်းစက်ရွှန်းစိုနေသော ရွှေသမင်မျက်လုံး ဖောင်းဖို့နီရဲနေသောပါးမို့မို့ ပန်းသွေးရောင်နှုတ်ခမ်းနုနှင့် နူးညံ့ပျော့ပျောင်းသောရွှေအိုရောင်ဆံပင်များကို ကပိုကယိုချည်ထားသောမိန်းမပျိုလေးတစ်ဦးသည် သာယာလှပသောမြေနီလမ်းကလေးဝယ် ဖြည်းညှင်းစွာလျှောက်လှမ်းနေလေသည်။ထိုသို့ လွန်စွာချောမောလှပသောမိန်းမပျိုလေးသည် မြေညီလမ်းနံဘေး အပြာရောင်ခုံတန်းလေးပေါ်ထိုင်ကာ အတိတ်၏နေ့ရက်များဆီသို့အတွေးနယ်ပယ် ကျက်စားလျက်ရှိပေသည်။
Minho>>Taemin ငါတို့ကျောင်းပြီးသွားရင်တောင် မခွဲကြေးနော်
Taemin>>oppaကလည်း ဘာလို့ခွဲရမှာလဲ ညီမတို့ကထာဝရတိုင် ချစ်သွားမှာလေ
Minho>>အစ်ကိုရောပဲ ခုအိမ်ပြန်ကြမယ်လေ ညနေစောင်းနေပြီ
Taemin>>ဟုတ် အိမ်ရှေ့ထိလိုက်ပို့နော်
Minho>>ဟုတ်ကဲ့ပါဗျာ ပြန်ကြတာပေါ့
ဤသို့နှင့် ချစ်သူနှစ်ဦးသည်တစ်ဦးလက်ကိုတစ်ဦး ခိုင်မြဲစွာဆုပ်ကိုင်လျက် ဝင်လုဆဲဆဲနေမင်မင်းကြီးကို နောက်ခံထားကာ အိမ်အပြန်လမ်းကိုပျော်ရွှင်စွာလျှောက်လှမ်းနေကြကုန်၏။
Taemin>>oppa တာ့တာ ကောင်းကောင်းပြန်နော်
Minho>>Taeminကိုမင်းကိုပြောစရာရှိတယ် ကိုခရီးတစ်ခုသွားစရာရှိတယ် တစ်ပါတ်လောက်အနည်းဆုံးကြာလိမ့်မယ်
Taemin>>oppaဘယ်ကိုသွားမှာလဲဟင်
Minho>>မသိချင်ပါနဲ့ oppaမင်းအတွက်အံသြစရာလက်ဆောင်တစ်ခု စီစဉ်နေတာလေ ဒီအတောအတွင်းဖုန်းဆက်ဖြစ်မှာမဟုတ်ဖူး ကျန်းမာရေးလည်းဂရုစိုက်နော်
Taemin>>oppaကလည်း ဘာလို့ခွဲရတော့မယ့်သူတွေလိုပြောနေတာလဲ အရင်ကလည်းခရီးတွေသွားဖူးတာပဲကို
Minho>>အိမ်ထဲဝင်တော့လေ အပြင်မှာအေးတယ်
Taemin>>ဟုတ်ကောင်းကောင်းသွားပါ ပြန်လာရင်လက်ဆောင်မျှော်နေမယ်နော် တာ့တာ
Minhoလည်းTaeminဝင်သွားသည်ကိုစောင့်ကြည့်လျက် လေးလံသောခြေလှမ်းများဖြင့် ဖြည်းညှင်းစွာထွက်လာခဲ့လေသည်