"" Hello !! My Boy ! ""
"" ဘာကိစ္စနဲ့ ဖုန်းခေါ်တာလည်း !! ""
"" သူငယ်ချင်းလေးက ဆိုင်းမဆင့် ဘုံမဆင့် မြန်မာနိုင်ငံပြန်သွားတော့လည်း သတိရနေတဲ့လူက
ဖုန်းခေါ်ရတာပေါ့ ""ချန်ဒလာ ဖုန်းကို စပီကာဖွင့်ကာပြောနေမိ၏။ယိမ်းယိုင်ကလည်း ဂရုမစိုက်သည့်ပုံဖြင့် အပြင်ဘက်သို့သာငေးနေသည်။ နည်းနည်းလေးတောင်စိတ်ဝင်စားခြင်းမပြ ။ ဒါပေမယ့်လည်း နားကားကားလေးတွေ နားစွင့်ထောင်နေသည်ကိုတော့သူသတိပြုမိပါသည်။
"" အရစ်မရှည်ပဲ ခုဖုန်းခေါ်တာ ဘာကိစ္စလည်း ။
ကနေဒါမှာ ဒီချိန် ညချိန်မနည်းတော့ဘူးနော်
ကမ်မလီ """" မြန်မာနိုင်ငံလာမလို့ပေါ့ !! ""
"" အဟက် !! ဘာမွှေပြန်ပြီလည်း ! ""
"" ကျစ် ! ဘာမှမလုပ်ပါဘူးကွာ။
ဆေးရုံက လူနာစောင့်လေးတစ်ယောက်ကိုမလိမ္မာလို့ သူပါလူနာလေးဖြစ်အောင် လုပ်လိုက်မိတာ ဒါလေးကိုဝေဖန်တိုက်ခိုက်ခံနေရတယ် ! """"" အဲ့လိုဖြစ်နေလည်း မင်းက ဘယ်တုန်းက ဂရုစိုက်လို့လည်း ! ""
"" Yes ! အဲ့လိုဝေဖန်မှုတွေက ငါ့
Eye liner ဆွဲလို့မညီတာလောက်တောင် စိတ်သောကမဖြစ်ပါဘူး ""ဟုတ်ပါသည် ကမ်မလီအသက် ၂၄ နှစ် ဆရာဝန်ဖြစ်ကာ ခုချိန်ထိ Eye liner ကိုဖြောင့်အောင်မဆွဲတတ်သူတစ်ဦးပင်။ makeup လိမ်းဖို့နေနေသာအမြဲမျက်နှာပြောင်။ဂျပန်၊ကနေဒါ ကပြားဖြစ်ကာ ရွှေအိုရောင်ဆံနွယ်တွေကို ပိုင်ဆိုင်ထားလေသည်။အဖေဖြစ်သူသည်လည်း လွှတ်တော်ဝန်အမတ်တွေထဲက တစ်ဦးဖြစ်၏။ကမ်မလီသည် အဖေတူသည်ပြောရမည် ကြမ်းကြမ်းတမ်းတမ်းမိန်းမသားမျိုးဖြစ်သည်။ အရပ်သည်လည်း ခန့်မှန်းခြေ 6 ပေးနီးပါးလောက်ထိရှည်သည်။ ထို့အတွေးကြောင့်ပင် ချန်ဒလာဘေးရှိကောင်လေး၏ အရပ်ကို ခေါင်းစခြေဆုံးတစ်ချက်ကြည့်လိုက်သည် ။
' သူရင်ဘတ်လောက်သာရှိကာ တတ်ပု '
"" အင်း ! ဒါဆို အခုက !! ""
"" ငါ့ ဖားသားကြီး ဦးလေးတွေဆီပြန်ပို့မယ်လုပ်နေတယ် သူတို့ဆီသာရောက်ရင်ငါအသေအကျေပြန်လေ့ကျင့်ရမှာ !! ""