Part- 15 (Trauma)

96 8 1
                                    

(Unicode)

Jaeyunတစ်ယောက်​ကြမ်းပြင်ပေါ်လဲကျပြီးသတိမရတစ်ချက်ရတစ်ချက်ဖြစ်လေသည်။သူမျက်ရည်တွေ၀ိုင်းသားဖြစ်ကာအရှက်ကွဲသလို၊ရည်စားဖြစ်သူကသူလိုလူတွေကိုရွံမုန်းနေသလိုသူအဖြစ်မှန်သိတော့သူအားခါးသက်သက်အမုန်းတွေပေးသလို၊စိတ်ဒဏ်ရာတွေကရသတဲ့ရတော့သူလည်းလောကကြီးမှာမနေချင်တော့တဲ့အတွက်ရောသုဖြစ်တည်မှုအတွက်ရောစိတ်ညစ်၊စိတ်ကုန်ကာအခုလိုလုပ်လိုက်ခြင်းဖြစ်သည်။

ထိုချိန်မှာGaeulကသူဖိုင်ကျန်ခဲ့လို့အဆောင်သွားရင်းလမ်းမှာEunjooနှင့်တိုးပြီးစကားပြောရင်းအဆောင်ကိုပြန်လာတော့လဲနေတဲ့Jaeyunကိုမြင်တော့နှစ်ယောက်သားပြေး၀င်ကာJayunကိုGaeul တစ်ယောက်သူမရင်ခွင်ထဲထည့်ပြီး

*Jaeyun.....Jaeyun....*

ခေါ်လည်းမရပေ။Euijooလည်းကသွေးကိုမြင်တော့
သွေးထွက်မလွယ်ခင်လူနာတင်ယာဥ်ကားကိုပျာတီးပျာယာဖုန်းဆက်ခေါ်လေသည်။လူနာတင်ယာဥ်ရောက်တော့Gaeulရောသူပါလိုက်ပြီးEunjooက
ကျန်တဲ့သူတွေဆီသွားနေတဲ့ဆေးရုံလိုက်ခဲ့ပါဆိုပြီးဖုန်းဆက်အကြောင်းကြားလေသည်။

ဆေးရုံရောက်တော့အရေးပေါ်ခန်းထဲ၀င်ရကာအပြင်ကနေထိုနှစ်ဦးသားစောင့်နေကာLizတို့ပါရောက်လာပြီး
GaeulကLizကိုဖက်ပြီးငိုကာ

*Jaeyunငါတို့၂ယောက်ကိုထားခဲ့တော့မှာလားမသိ......*

*Gaeulပေါက်ကရမပြောပါနှင့်မထားခဲ့နိုင်ပါဘူးဟာ*

Eunjooက

*သူကအိပ်ဆေးပါသောက်ချထားတာ........ပြီးတော့....*

ငိုကြွေးပြီး*လက်ကောက်၀တ်ကိုဓားနှင့်ပါဖြတ်ထားတာနှစ်ဖက်စလုံးကိုသွေးတွေဆိုအိုင်လိုပဲ...*

Lizလည်းမျက်စံပြူးပြီးGaeulကိုဖက်တာရပ်ပြီးလက်နှစ်ဖက်ကိုကိုင်ကာအင်္ကျီလက်ရှည်နှစ်ဖက်လုံးပေါ်မှာJaeyunသွေးများပေကျံနေကာသူမလည်းEUIJOOကြည့်တော့လည်းလက်မှာသွေးတွေပေတာမြင်မှရှော့ခ်အကြီးအကျယ်ရကာJaeyunကဒါပြင်ဘာဖြစ်သေးလည်းငိုသံနှင့်မေးတော့

Gaeulတစ်ယောက်ငိုယိုပြီး

*လဲကျတော့ခေါင်းပါထပ်ကွဲသွားဟန်တူတယ်ဖက်တုန်းကသူခေါင်းက...ဟင့်...ငါတို့နှစ်ယောက်ကိုJaeyunထားခဲ့တော့မှာလားသူပဲငယ်ငယ်ကပြောခဲ့တာငါတို့သူငယ်ချင်းနှစ်ယောက်ကိုမထားခဲ့ဖူးဆို....*

ᴍʏ ʟᴏᴠᴇʀ 1Where stories live. Discover now