အပိုင်း [ 3 ]

2.8K 236 6
                                    

လိမ္မော်ပင်အား သေချာဖွက်ခဲ့ပြီးနောက်သူတို့လည်း တောင်ပေါ်သို့ ဆက်တက်လာကြသည်။ သူတို့သည် လမ်း‌တစ်လျှောက်တွင် မျှစ်အနည်းအငယ်နှင့် မှိုများလည်းရခဲ့ကြသည်။ ထို့နောက်တွင် ရှောင်ရှင်းယွီသည် ကန်စွန်းဥပင်နှင့်တူသော နွယ်ပင်များကိုတွေ့လိုက်သည်။

"လီရှန်း ခဗျားဒီအပင်ကိုလာတူးကြည့်"


"ဟုတ်ကဲ့ ယွီယွီ"

နွယ်ပင်အားတူးကြည့်ရာ တကယ်ပဲ့ကန်စွန်းဥပင်ဖြစ်နေသည်။ကန်စွန်းဥများမှာသာမာန်ထက် အနည်းအငယ် ပိုကြီးပြီး အတွင်းသားများပါ ခရမ်းရောင်များဖြစ်နေသည်။

"ဝါး ကိတ်လိုက်တာ"

"ယွီယွီ ဒါကဘာလဲဟင်စားလို့ရရဲ့လား"

"ရတာပေါ့ ပြုတ်လို့လည်းရတယ် ကင်လို့လည်းရတယ် ကြော်လို့လည်းရတယ် ဖုတ်စားလို့လည်းရတယ် အခြောက်လှန်းစား လို့လည်းရတယ်"

"ဖေဖေ ဖေဖေ သားတို့လည်းစားချင် တယ်"

"ကောင်းပါပြီ အိမ်ရောက်ရင်လုပ်ကျွေး မယ်လေ "

သူတို့လည်းကန်စွန်းဥများအားအခြင်းပြည့်တူးပြီးနောက် မွန်းတည့်နေပြီဖြစ်၍ အိမ်ပြန်လာခဲ့ကြတော့သည်။ သူတို့အိမ်ပြန်ရောက်သောအခါ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်နေသော လူတစ်ယောက်အား တွေ့လိုက်ရသည်။ ထိုသူမှာ ရှောင်ရှင်းယွီ၏ကောဖေဖေပင် ဖြစ်သည်။ရှင်းချန်နှင့်ရှင်းဟွာတို့နှစ်ယောက်ကတော့ သူတို့ဖိုးဖိုးကို မြင်သည်နှင့် ပြေးသွားကြတော့သည်။ထို့နောက် သူတို့တောထဲတွင် တွေ့ခဲ့သည်များကို ပြန်ပြော‌ပြ ကြတော့သည်။

"ဖိုးဖိုး ဖိုးဖိုး"

"ရှောင်ချန် ရှောင်ဟွာ ပြန်လာကြပြီလား "

" ဟုတ်တယ် သားတို့တောထဲမှာလေ ချိုတဲ့အသီးကြီးကြီးတွေ အများကြီးရခဲ့တယ်"


"ဟုတ်လား"

"ဖေဖေ ?"

"ရှောင်ယွီ ရှောင်ရှန်း မင်းတို့ပြန်လာကြပြီလား"

ကောဖေဖေလည်း သူတို့ကိုမြင်သောအခါ ထိုင်ရာမှထ၍ နှုတ်ဆက်လာသည်။သူတို့လည်းကွပ်ပျစ်ပေါ်တွင်ဝင်ထိုင်၍ ပြန်ဖြေလိုက်သည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now