Uni
"ဂျယ်ယွန်းရေ...သားလေးထတော့ဒီနေ့ကျောင်းစတတ်ရမှာလေသား"
ဂျယ်ယွန်းရဲ့ကျောင်းသစ်ကိုတတ်ရတဲ့ပထမဆုံးနေ့ပေါ့ညကတည်းကမာမီ့ကိုနှိုး
ခိုင်းထားပေမဲ့နှိုးပြန်တော့လဲမထချင်တဲ့ဂျယ်ယွန်းကြောင့်မာမီတော့အလုပ်ရှုပ်ပြီ။"သားလေးဂျယ်ယွန်းထနော်သားဒီနေ့မာမီကိုယ်တိုင်လိုက်ပို့ပေးမယ်"
"ဗျာမာမီကိုယ်တိုင်လိုက်ပို့မလို့လားဟင်?"
ဂျယ်ယွန်းအံ့ဩတဲ့မျက်နှာလေးဖြင့်သူ့မာမီကိုမေးလိုက်တာပေါ့။ဂျယ်ယွန်းအလွန်အံ့ဩမိနေတယ်လေမာမီနဲ့ဒယ်ဒီကဂျယ်ယွန်းကိုအလွန်ချစ်ရှာပါတယ်။ချစ်သော်လဲလုပ်ငန်းရှင်တွေဖြစ်တာကြောင့်ဂျယ်ယွန်းကိုတစ်ခါမှကျောင်းမလိုက်ပို့ဖူးဘူးလေ။
"ဟုတ်တာပေါ့မာမီ့ခွေးပေါက်လေးကကိုရီးယားမှာကျောင်းစတတ်တဲ့နေ့ကိုမာမီကလိုက်ပို့ရမှာပေါ့ကွယ်"
"ဟီး...အဲ့တာမလို့မာမီ့ကိုချစ်တာ"
"ဒယ်ဒီ့ကိုကော?"
အခန်းထဲသို့အပြုံးချိုချိုကိုတပ်ဆင်လျက်အခန်းထဲသို့ဂျယ်ယွန်းရဲ့ဒယ်ဒီက၀င်လာပြီးမေးတယ်။
"ငါတို့ဒယ်ဒီကိုလဲချစ်တာပေါ့...အာ ဒယ်ဒီကောလိုက်မပို့ဘူးလားဟင်?"
"ဒယ်ဒီကဒီနေ့ကုမ္ပဏီမှာအရေးကြီးတဲ့meetingရှိလို့ပါဂျယ်ယွန်းလေးရဲ့ဒယ်ဒီအားတဲ့နေ့လိုက်ပို့ပါ့မယ်နော်"
"ဟုတ်ကဲ့ပါဒယ်ဒီ"
ထိုသို့သိတတ်သောဂျယ်ယွန်းကြောင်းမိဘတွေကပိုပြီးအချစ်ပိုရတာပေါ့။
-------------------------------------------"သားသွားပြီနော်မာမီ"
"ကောင်းကောင်းသွားနော်ခွေးပေါက်လေးညနေမာမီလာကြိုမယ်"
"ဟုတ်ကဲ့မာမီ"
မာမီ့ကိုနှုတ်ဆက်စကားပြောပြီးတော့ဂျယ်ယွန်းလဲကျောင်းထဲ၀င်လာလိုက်တယ်။
ဘုန်း!
"အ့...တောင်းပန်ပါတယ်ဗျ""အာ...ကျွန်တော့်ဘက်ကအရင်၀င်တိုက်မိတာမလို့ကျွန်ေတာ်ကတောင်းပန်ပါတယ်နော်"
YOU ARE READING
Love Season
Teen Fiction"ဂျယ်ကမောင့်အတွက်ဘယ်လိုဖြစ်တည်မှုလဲဟင်?" "နွေဦးလိုမျိူးပဲဂျယ်ကမောင့်ဘ၀အတွက်အနွေးအထွေးဆုံးလက်ဆောင်လေးလိုပါပဲဂျယ်ရယ်"