Uni
ဂျယ်ယွန်းတစ်ယောက်မနက်ခင်းကိုစိတ်လေးလံမှုတွေနဲ့နိုးထလာခဲ့သည်။ညကသူဆောင်းဟွန်းကိုတောင်းပန်သင့်တယ်လို့တွေးလိုက်တယ်။
"ငါ့အမှားလဲပါတာဘဲငါတို့ကဘာမှမဟုတ်တာသူ့ရည်းစားနဲ့သူနမ်းတာဘဲငါမှားပြီထင်တယ်ငါပြန်တောင်းပန်ရမယ်"
ဒီနေ့ကစနေနေ့ဖြစ်တာမလို့သူဆောင်းဟွန်းအိမ်ကိုညနေကြသွားတောင်းပန်ပြီးပြေလည်သင့်တယ်လို့သူထင်တယ်။
ညနေကြသူဆောင်းဟွန်းအိမ်သွားဖို့လုပ်တော့ဂျီဂျူရီကသူမနဲ့cafeမှာတွေ့ဖို့ဖုန်းဆက်ခဲ့တယ်ဂျယ်ယွန်းလဲဂျီဂျူရီ့ဆီအရင်သွားမလို့လုပ်လိုက်တာပေါ့။
"ဂျီဂျူရီဘာလို့ငါ့ကိုခေါ်လိုက်တာလဲ?"
"တို့သွယ်ဝိုက်ပြီးပြောရတာမကြိုက်ဘူးရှင်းဂျယ်ယွန်းယူကို့ဆောင်းဟွန်းနဲ့တွဲမြင်ရတာမုန်းတယ်ဆောင်းဟွန်းကတို့ထက်ယူ့ကိုပိုဂရုစိုက်တာတို့မကြိုက်ဘူး!အဲ့တော့ဆောင်းဟွန်းနားကထွက်သွားပေးပါ!"
"မသွားနိုင်ဘူး!"
"ဘာ!"
"ဆောင်းဟွန်းကငါ့သူငယ်ချင်းနော်မင်းအခုလိုငါ့ကိုလာပြောတာသူသိရင်မင်းဘာဖြစ်သွားမယ်ထင်လဲ...?"
"ဟက်ယူကပြန်ခြိမ်းခြောက်နေတာဘဲ"
ထိုစဉ်ဆောင်းဟွန်းဆိုင်ထဲ၀င်လာတာကိုဂျီဂျူရီကမြင်တော့အရှေ့မှာချထားတဲ့အအေးခွက်ထဲကအအေးတွေကိုသူမပေါ်သူမလောင်းချလိုက်သည်။ပြီးတော့သူမကိုဂျယ်ယွန်းကတွန်းသလိုလုပ်လိုက်သည်။
"ဂျီဂျူရီမင်းဘာလုပ်တာလဲရူးနေလား???"
"ဂျူရီ!"
"ဟင့်..ဆောင်းဟွန်းဂျူရီကိုလေဂျယ်ယွန်းကအအေးနဲ့ပတ်ပြီးတွန်းတယ်ပြီး-ပြီးတော့ဆောင်းဟွန်းနားကထွက်သွားဖို့ခြိမ်းခြောက်တယ်ဂျူရီသိပ်ကြောက်တာဘဲ"
"မဟုတ်ဘူးဆောင်းဟွန်းနားသူလိမ်နေတာမင်းမယုံနဲ့နော်"
"ရှင်းဂျယ်ယွန်း!!!"ဒါဆောင်းဟွန်းကသူ့ကိုပထမဆုံးအချိန်အော်လိုက်ခြင်း
"မင်းေတာ်ေတာ်အောက်တန်းကျတဲ့ကောင်ဘဲမိန်းကလေးတစ်ယောက်ကိုမင်းအဲ့လိုလုပ်စရာလား!!!ပြီးတော့သူကငါ့ရည်းစားလေမင်းကဘာမလို့ဂျူရီ့ကိုငါ့နားကထွက်သွားဖို့ပြောရတာလဲ??!မင်းကိုရိုးသားလှပြီထင်နေတာအဟက်!"
သူရှင်းပြတာနားမထောင်ဘဲပြောချင်တာတေွပြောသွားပြီးဂျီဂျူရီ့လက်အားဆွဲ၍ထွက်သွားသောဆောင်းဟွန်းကိုသူဆောင်းဟွန်းမှဟုတ်ရဲ့လားဟုထင်မိသည်ဂျီဂျူရီကလဲမသွားခင်သူ့ကိုမဲ့ပြုံးပြုံးပြသွားပါသေးသည်။
အခုဖြစ်သွားတာတွေကိုသူမလိုက်နိုင်အခုချိန်မှာတစ်ယောက်ယောက်သူ့နားမှာရှိနေပေးရင်ကောင်းမယ်ဟုတွေးလိုက်သည်။
ဟီဆွန်းprojectအတွက်လိုအပ်တာတွေသွား၀ယ်ပြီးအပြန်မှာcafeရှေ့ကအညိုလုံးလေးအားသတိထားမိသွားည်သူမြင်ဖူးသလိုရှိတာကြောင့်သွားကြည့်လိုက်တော့ဂျယ်ယွန်းဖြစ်နေသည်ခေါင်းကိုငုံ့ထားပြီးရှိုက်သံအနည်းငယ်ထွက်နေသောကလေးငယ်အားသူစိတ်ပူသွားသည်။
"ဟင်...ဂျယ်ယွန်းဘာလို့ငိုနေတာလဲ?"
"ဟီဆွန်းhyung"ဆိုပြီးသူ့ရင်ခွင်ထဲသို့၀င်လာသောကလေးငယ်ကြောင့်သူပြာယာခက်သွားသည်။
"ဂျယ်ယွန်းနားဘယ်လိုဖြစ်တာလဲမငိုပါနဲ့ကလေးရယ်"
"ဟီဆွန်းhyungဟင့်-ဆောင်းဟွန်းကလေဂျယ်ယွန်းကိုအော်ဟစ်သွားတာ"
ဖြစ်ကြောင်းကုန်စဉ်ကိုဟီဆွန်းအားပြောပြလိုက်တော့ဟီဆွန်းသည်အလွန်ဒေါသထွက်သွားသည်။
"ဘာ!!ပတ်ဆောင်းဟွန်းကမိန်းမတစ်ယောက်အတွက်ဂျယ်ယွန်းကိုအဲ့လိုပြောသွားတာပေါ့!!"
"ကျွန်တော့်ကိုမုန်းသွားပြီထင်ပါတယ်ဗျာ"
"ဂျယ်ယွန်းရယ်"
သူကလေးငယ်ကိုရင်ခွင်ထဲနောက်တစ်ကြိမ်ထည့်လိုက်သည်။
--------------------------------------
Thank you so much for reading 💗💌
YOU ARE READING
Love Season
Teen Fiction"ဂျယ်ကမောင့်အတွက်ဘယ်လိုဖြစ်တည်မှုလဲဟင်?" "နွေဦးလိုမျိူးပဲဂျယ်ကမောင့်ဘ၀အတွက်အနွေးအထွေးဆုံးလက်ဆောင်လေးလိုပါပဲဂျယ်ရယ်"