Hello Angel

2.5K 62 75
                                    

"သူ တကယ်ပဲ အဆင်ပြေမယ်မလားဗျ? "

မျက်နှာထက် စိုးရိမ်ပူပန်မှု့တွေအပြည့်နဲ့ Pavelက တုန်လှုပ်စွာနဲ့ မေးလိုက်မိတယ်။ ဒါပေမယ့် တစ်ဖက်က သူနာပြုဆရာမလေးကတော့ သူ့ကို ပြုံးစိစိလေး ကြည့်နေရင်းကမှ ခေါင်းလေးသာ တစ်ချက် ညိမ့်ပြလာတော့တယ်။ သူမ ကြည့်ရတာကို သူ့ကို သိပ်ပူပန်မနေဖို့ ဖြေသိမ့်ချင်ပုံ ရနေသည်။

"ခွဲစိတ်မှု့က အဆင်ပြေပြေနဲ့ ပြီးသွားပါတယ်ရှင့်"

သူမက တစ်ဖက်လူကို သေချာရှင်းပြပြီး ထပ်ပြုံးပြလိုက်မိတယ်။ ဘာကြောင့်ဆို သူ့ရှေ့က လူငယ်လေးက သူ့ရဲ့ လက်တွဲဖော် ကောင်လေးအပေါ် အရမ်းကို စိုးရိမ်နေပုံ ပေါက်နေတာကြောင့် ဖြစ်လေသည်။ သူက တစ်ဖက်လူရဲ့ ပုခုံးထက် လက်ဖဝါးလေး အသာ တင်ကာ ထိလိုက်ပြီး နှစ်သိမ့်ပေးလိုက်မိတယ်။

"သူက မကြာခင်ပဲ ပုံမှန်အတိုင်း လမ်းပြန်လျှောက်နိုင်တော့မှာပါ။ သူ့ ဒူးခေါင်းကလည်း မကြာခင်ပဲ သက်သာသွားမှာ။ အနာရွတ်လေး ကျန်သွားမှာက လွဲပြီး သူ့ရဲ့ နေ့စဉ်ဘဝကို ပုံမှန်ပဲ ပြန်ဖြတ်သန်းနိုင်မှာပါ" သူမပြောသမျှကို Pavelက နှုတ်ခမ်းကိုပဲ တင်းတင်းစေ့ထားပြီး ခေါင်းလေးတညိမ့်ညိမ့်နဲ့ နားထောင်နေတယ်။

Pavelက ဒီကောင်လေး Pooh ဒူးခေါင်းကို ခိုက်မိသွားတယ် ဆိုတဲ့ သတင်းကို ကြားကတည်းက စိတ်တွေ အရမ်းပူနေခဲ့မိတာ ဖြစ်လေသည်။ Poohဘက်က သူ့ကို ရှင်းပြခဲ့သလောက်ကတော့ သိပ်စိုးရိမ်စရာ မရှိဘူးဆိုပေမယ့် ခွဲစိတ်ဖို့ကတော့ လိုအပ်ခဲ့လေသည်။ ဆရာဝန်တွေဘက်ကလည်း သေချာရှင်းပြခဲ့တာကြောင့် သူက ဘာအန္တာရာယ်ကြီးကြီးမာမားမှ မရှိဘူးဆိုတာကို ယုံကြည်တယ်ဆိုပေမယ့် အခုထိတော့ စိတ်ပူနေသေးတုန်း ဖြစ်လေသည်။

အဲ့ကောင်လေး Poohက ကျောင်းရဲ့ လှေကားပေါ်ကနေ ခြေချော်ကျပြီး လဲသွားတယ်တဲ့လေ။ Pavelက ဒါကို ကြားကြားချင်း ခြေမကိုင် လက်မကိုင်တောင် ဖြစ်သွားခဲ့ရလေသည်။ ဒါပေမယ့် Pavel သိသလောက် Pooh က ကံကောင်းသွားတာလို့တောင် ပြောနိုင်လေသည်။ ဘာလို့ဆို ကိစ္စတွေက အခန့်မသင့်ရင် ဒီထက်တောင် အများကြီး ပိုဆိုးရွားသွားနိုင်ခဲ့လေသည်။ သူက အရာအားလုံး အဆင်ပြေသွားတာနဲ့တင် ဝမ်းသာနေရသည်။ အခုဆို သူက ခွဲစိတ်ခန်းထဲက သူ့ကောင်လေးကို တွေ့ရဖို့ကိုတောင် မစောင့်နိုင်တော့ပေ။ Pavelက စိတ်လှုပ်ရှားစွာနဲ့ သူ့လက်တွေကို သူ ဆွဲစိတ်နေမိလေသည်။ သူ့အတွက် သည်းမခံနိုင်ရဆုံး အရာကို ပြောပါဆိုလျှင် Pooh ဒဏ်ရာရတာပြီး နာကျင်နေရတာပဲ ဖြစ်လောက်မည်။

Hello Angel (PoohPavel mm ff🦋)Where stories live. Discover now