🍀7🍀

663 72 6
                                    

-အပိုင်း၇-

ညစာစားပြီးသည့်နောက် မိုးညိုနှင့်ဓနိတို့နှစ်ယောက်သားကတော့ မနက်ကမြန်အောင်တက်ထားရပြီးဈေးဝယ်ထွက်ထားရသဖြင့်ပင်ပမ်းကြီးစွာစောစောအိပ်ရာဝင်ကြသည်။ဒီညပုံပြင်ပြောပြရသည့်သူမှာ မိုးညိုအလှည့်မို့မိုးညိုအိပ်ပျော်လျှင် လူသေးလေးလည်း အိပ်ပျော်သွားမှာအသေအချာပင်။

"ဟေ့ကောင်ရေ သွားကြမယ်ကွ"

"အေးအေး ကွမ်းလေးယာပြီးရင်သွားမယ်"

ကောင်းမွန်သည်ကွမ်းယာလေးကိုယာ၍ပါးစပ်ထဲထည့်ငုံပြီး အိမ်ရှေ့တံခါးကိုမဖွင့်ပဲအနောက်ဖေးမီးဖိုချောင်ဘက်အဖီကနေ ဆင်းလိုက်သည်။

ရွာအရပ်ပေမို့ ခြံစည်းရိုးခတ်ခြင်းမရှိပဲ အပင်လေးတွေစိုက်ကာ ခြံစည်းကာသည်။ တစ်ချို့ခြံများသည် ဝါးကပ်လေးများဖြင့် ခြံစည်းလုပ်ကြသည်။ သူတို့ခြံ၏အနောက်ဖက်တစ်ဆက်တည်း ဒေါ်မြတို့ခြံထဲကိုကျော်ပြီးကာမှ ရွာလှည်းလမ်းကိုရောက်လေသည်။

မိုးတွင်းပေမို့ မြွေပါးကင်းပါး ဂရုစိုက်ရကာ ပြည့်စုံက ဓာတ်မီးလေးဖြင့်ရှေ့ထိုးကာ သွားနေသည်။ သူတို့ဦးတည်ရာကတော့ရွာအလယ်ပိုင်းက လူပျိုကြီးကိုမျိုးအိမ်ပင်ဖြစ်သည်။
ရောက်ချင်ဇောဖြင့်ခပ်သုတ်သုတ်လျှောက်နေကြသည်မှာအနောက်က တစ်စုံတစ်ယောက်လိုက်လာသည်ကိုသတိမထားမိကြပေ။

ကိုမျိုးတို့ခြံရှေ့ရောက်သည်နှင့် ခပ်ဖြူဖြူဝင်းဝင်းအလင်းရောင်ကြောင့် TVစပြနေသည်ကိုသိလိုက်လေပြီ။ အိမ်ထဲဝင်လိုက်သည်နှင့်ရွာထဲက ယောကျ်ားသားအယောက်၂၀လောက်ကိုတွေ့လိုက်ရသည်။

အသက်၁၈၊၁၉အရွယ်လူငယ်များ၊ လူပျိုကြီးတစ်ချို့နှင့် ကျန်းမာသန်စွမ်းသောအိမ်ထောင်သည်ယောကျ်ားများတစ်ချို့ပင်ပါကြသည်။ စုဝေးရောက်ရှိနေကြသည့်အကြောင်းမူကား အပြာကားကြည့်ကြရန်ဖြစ်သည်။

ရွာအရပ်ပေမို့ မြို့ပေါ်တစ်ခါတစ်ရံတက်ရင်း လမ်းဘေးကအခွေဆိုင်လေးတွေမှာ ရိုးရိုးသီချင်းခွေ၊ဇာတ်ကားခွေတွေရှိသလို အပြာကားများကိုလည်းရောင်းကြသည်။ ဒါတွေကို ကိုမျိုးက ဝယ်လာပြီး တစ်ချို့ညတွေလူခြေတိတ်ချိန်ဆို ရွာကာလသားတွေစုကြည့်တတ်ကြသည်။

မေတ္တာတို့ဖြင့်ဖွဲ့နှောင်သောWhere stories live. Discover now