အပိုင်း ၂။
စိုင်း စကားပြောပြီး မမနေရာကိုရှာတော့ မရှိတော့။
သူ့မျက်ခုံးတွေတွန့်ချိုးသွားပြီး သူ့လူတွေကိုမေးတော့ မမကလူတစ်ယောက်နဲ့လိုက်သွားသည်တဲ့။စိုင်းထိုနေရာကထွက်လာကာ မမဆီသွားတော့သည်။
ခက်ကတော့ကော်ဖီဆိုင်မှာထိုင်နေကာ သူ့ကိုလုံအော်ထုပ်ထားတဲ့dressကိုကြည့်ကာညည်းလိုက်သည်။သူဒါတွေကြောင့်ပွဲတွေကိုမုန်းတာ။
"ခက်ကကော်ဖီမကြိုက်လို့လား"
"မဟုတ်ပါဘူး။ကျွန်မအကုန်ကြိုက်ပါတယ်။ရှင် ဒုက္ခမခံပါနဲ့"
"ကိုယ်ကမင်းကိုထမင်းတစ်နပ်လောက်တော့ကျွေးချင်တာ အခုတော့ကော်ဖီတစ်ခွက်တည်းဆိုတော့ "
ခက်သူ့ကိုစကားပြောနေသူကိုကြည့်လိုက်သည်။ထင်လင်းကမိန်းခလေးများကြားရေပန်းစားသည်။ဒယ်ဒီကလည်းသူ့ကိုအိမ်ထောင်ပြုခိုင်းနေပြီ။
သူစဉ်းစားလိုက်ရမလား။
"တီ တီ"
ဖုန်းမြည်သံကနားထဲကြားတော့ခက်အတွေးတွေထဲကရုန်းထွက်လိုက်သည်။
Contentက စိုင်းရဲ့နာမည်ကြောင့်ကိုင်လိုက်သော် ။
"မမကျွန်တော်လမ်းတစ်ဖက်မှာ။ မြန်မြန်ပြန်ခဲ့"
"ဟမ်"
ခက်ဘာမှပြန်မပြောလိုက်ရခင် စိုင်းကဖုန်းချသွားလေပြီ။
"အိုး။ကိုထင်လင်း ကျွန်မကိုသွားခွင့်ပြုပါအုံး။မောင်လေးရောက်နေပြီမလို့ပါ"
"ဒါဆိုကိုယ်အပြင်ထိလိုက်ပို့ပေးပါ့မယ်။"
"အင်း"
ခက်လက်ဆွဲအိတ်ကိုဆွဲကာထင်လင်းနဲ့အပြင်ထွက်ခဲ့တော့သည်။သူကြာနေရင်စိုင်းစိတ်ဆိုးနေပြန်တော့မယ်။
ခက်လည်း ကားနက်ပေါင်းများစွာထဲကမှ စိုင်းကိုလိုက်ရှာပြီးကားပေါ်တက်လိုက်သည်။
"မမလေးခက် ကိုယ်နောက်တစ်ခါမင်းကိုထမင်းစားဖိတ်လို့ရမလား"
"အိုး။ "
ခက်တွေးပြီးဖြေမလို့ရှိသေး လက်တစ်ဖက်ကို စိုင်းကဇပ်ခနဲဆွဲယူလိုက်သည်။
...
YOU ARE READING
🍷 Toward Mr_🍷
Short Story18နှစ်အထက်အပြာစာဖြစ်လို့ ချင့်ချိန်ပြီးဖတ်ပေးပါဗျ။ Master Leo- 7ပိုင်း 3000ကျပ်။