"ဘာ.....ထယ်ယောင်း အလုပ်ထွက်သွားတယ် ဟုတ်လား ဘယ်သူ့သဘောနဲ့လဲ အခုချက်ချင်း ဖုန်းဆက်လိုက်"
ဂျွန်ရဲ့ စကားသံဟာ တိတ်ဆိတ်နေတဲ့ အခန်းလေးထဲ ဟိန်းထွက်လို့နေသည်။ ဒေါသထွက်ရင် ကြောက်ဖို့ကောင်းတဲ့လူမလို့ စတိုင်လစ်တွေ၊ရိုက်ကူးရေးဝန်ထမ်းတွေကတော့ မုန်တိုင်းဗဟိုချက်လွတ်အောင် ရှောင်နေရပြီ။
"ဟို....စက် ပိတ် ထား"
"ဘာ......."
"တောက်.......ကင်မ်ထယ်ယောင်း တွေ့မယ် ရိုက်ကူးရေးဖျက်လိုက်တော့"
"ဗျာ.....ဘောစ့် ဟို.....အကုန်ပြင်ဆင်ပြီးနေ"
!!!ခွမ်းးးးး!!!
ရုတ်တရက်ဆိုသလို ရှေ့မှာရှိတဲ့ မှန်ကို လက်သီးဖြင့်ထိုးချလိုက်ကာ
"မင်းသား ဒဏ်ရာရသွားလို့ ဆက်မရိုက်နိုင်တော့ဘူးလို့.....ပြောလိုက်"
ဒေါသကြီးတတ်တဲ့လူဆိုတာကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရ၍ အံ့ဩမှင်သက်ကုန်ကြသည်။ ရိုက်ကွင်းထဲရှိ ကျန်နေခဲ့သောလူများမှ
"ကြောက်စရာကြီး အဲ့တာကြောင့် သူ့မန်နေဂျာက ဆက်မလုပ်နိုင်တော့တာနေမှာ.....နောက်ပြီးတော့ တအားလဲ အနိုင်ကျင့်တာဆို ကိုင်လဲပေါက်တတ်တယ်လို့ ကြားဖူးတယ် ဟုတ်လား"
"ဟယ်.....မဟုတ်ဘူးနော် ဂျွန်လေးက သူ့မန်နေဂျာနဲ့ဆို ပြုံးပျော်နေတာပဲ အဲ့လိုပုံစံမဟုတ်ပါဘူး ဂျွန်ကသူ့ဗလအားကိုးနဲ့ ထယ်ယောင်းကို စနောက်တာမျိုးပါ နင့်ကိုကိုင်ပေါက်တယ်လို့ ဘယ်သူပြောလဲ"
"ဟီး......ဒီလိုပဲ တဆင့်စကားကြားတာပါ မရဲ့ဒီနေ့လိုပုံမျိုးတွေ့ရတော့ တကယ်ထင်သွားတာ"
"သူတို့က ကျောင်းနေဖက်တွေဆိုတော့ ရင်းနှီးတယ်လေဟယ် နင်မမြင်ဖူးလို့ သူ့မန်နေဂျာထယ်ယောင်းက သေးသေးလေးနဲ့ ချစ်စရာလေး စရင်းနောက်ရင်းနဲ့ ချီပစ်လိုက်တာမျိုးပါဟယ်"
ဂျွန်ရဲ့ပရိတ်သတ်ဖြစ်ပုံရတဲ့ အမက သူ့မင်းသားဘက်မှ အပီအပြင်ကာကွယ်ပြောဆိုလို့နေသည်။
"ဒါဆို သူ့ရည်းစားနဲ့များ အဆင်မပြေလို့များလားနော်"
"ဂျွန်က ရည်းစားမှ မရှိတာ"