Part_1(Zawgyi)

503 11 2
                                    

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ အိပ်ရာဝင်ရိုးရာပုံပြင်တွေ၊
မရိုးနိုင်တဲ့အချစ်ဇာတ်လမ်းတွေရှိကြသည်
မဟုတ်ပါလား...။

ထို့အတူပင်တစ်ချိန်က ဝမ်ဟုန်းရန်ဟုအမည်တွင် သည့် အရှင်မင်းကြီးဝမ်အုပ်စိုးခဲ့စဉ်ကာလ....
လော့ရန်ဆိုတဲ့မြို့တော်လေး၌လည်း ထိုသို့ ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလေး
တစ်ပုဒ်ဖြစ်ပေါ်ခဲ့တယ်။ ဒီဇာတ်လမ်းလေးဟာ
ယခုချိန်အထိကို နောင်လာနောက်သားတွေရဲ့
ပါးစပ်ဖျားမှာ တသသနဲ့ ပြောစမတ်တွင်နေဆဲ
ဖြစ်တယ်။

မြို့တော်လော့ရန်မှအလှဆုံးပန်းပွင့်လေးနှင့်
ခိုင်းနှိုင်းလို့ စာတွေကဗျာတွေဖွဲ့ဆိုရသည်အထိ
လှပလွန်းပါသော လော့ရန်၏အိမ်ရှေ့စံမင်းသား
လေးနှင့် လော့ရန်၏အတော်ဆုံး၊ အားအထားရ ဆုံးသော လေးစစ်သည်တော်သူရဲကောင်းတို့၏
အချစ်ဇာတ်လမ်းလေးဟာ ထင်သလောက်တော့
မလွယ်ကူခဲ့ပေ။

လော့ရန်ဟာ မင်းကြီးဝမ်ဟုန်းရန်အုပ်ချုပ်စဉ်
ကာလမှာ ငွေရေးကြေးရေးတွေအလွန်ပေါများ
ကြွယ်ဝတယ်။ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး
ဖက်စပ်လုပ်ကိုင်ရသည့်အတွက် တစ်ဖက်နိုင်ငံ
တွေမှ ပညာရသလို အလုပ်အကိုင်အခွင့်အလမ်း
တွေလည်းပေါများလေတယ်။ ဆင်းရဲလှပါသည်
ဆိုတဲ့ပြည်သူတွေတောင် ခါးလှအောင်မဆင်နိုင်
သည့်တိုင် ဝမ်းဝအောင်တော့ရှာစားနိုင်ခဲ့ကြတယ်။

ထိုကဲ့သို့ ပြည်သူတွေအားလုံး အဆင်ပြေစွာ
လည်ပတ်နေကြတာဟာ အချိန်အားဖြင့်
ဆယ်စုနှစ်တစ်ခုသာကြာခဲ့ပြီး တစ်နေ့မှာတော့
လော့ရန်ဟာ ကံဆိုးမိုးမှောင်ကျခဲ့တယ်။

ဝမ်မင်းကြီး၏ညီတော် ဝမ်ရယ်မြို့ကိုအပိုင်စား
ရသော မြို့စားမင်းဝမ်ဖင်းဟုန်ဟာ မြို့တော်
လော့ရန်ကို ကြေးစားသစ္စာဖောက်တွေနဲ့အတူ
တိုက်ခိုက်သိမ်းပိုက်ခဲ့လေသည်။ ဝမ်မင်းကြီးဟာ
ကိုယ်ရံတော်တစ်ချို့၏အကူအညီဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း မိဖုရားနှင့်အိမ်ရှေ့စံတို့
ကတော့ ကံဆိုးစွာဖြင့် လွတ်မြောက်လုနီးဆဲဆဲမှာပဲ ဝမ်ဖင်ဟုန်းထံ အဖမ်းဆီးခံလိုက်ရသည်။

🦊Love Story From Luoyang🐷Where stories live. Discover now