Final_Part (Unicode)

420 32 2
                                    

လေးပစ်ပြိုင်ပွဲနေ့တုန်းက ပြည်သူတွေဟာ
ရှောင်းကျန့်တို့ကို ကာကွယ်ပေးခဲ့သည်ကို
မကျေနပ်သည့်ဖင်းဟုန်က ပြည်သူတွေအား
ငြိုးတော့သည်။ အခွန်ငွေကို နဂိုရှိရင်းစွဲထက်
လေးဆတိုးကောက်သည်။ မပေးနိုင်ပါက
တွေ့သည့်နေရာတွင်ရိုက်နှက်ကာ မရှိ,ရှိတာကို
သိမ်းယူသည်။ပိုင်ဆိုင်မှုတစ်ခုတစ်လေတောင်
မရှိသူတွေကို ဖမ်းချုပ်ကာအကျဉ်းချပစ်သည်။
ပြည်သူတစ်ချို့ဟာ ပိုင်ဆိုင်မှုမရှိတာထက်
မရှိကြတော့သည်က ပိုမှန်ပေသည်။ထို့ကြောင့်
အရှင်လတ်လတ်ငရဲကျခံနေသူ ပြည်သူတွေက
ဝဋ်ဆင်းရဲဒုက္ခများစွာကို အကျဉ်းထောင်၌
နေရာပြောင်းခံရပြန်သည်။

နဂိုထဲကချုန်းချုန်းကျနေသည့် နိုင်ငံ့စီးပွားရေး
တွေဟာ ရက်စက်ဆိုးဝါးလှသည့်ဝမ်ဖင်းဟုန်၏
လုပ်ရက်များကြောင့် နလန်ပင်မထူနိုင်တော့။
ပြည်သူတွေထဲမှာလည်း အငတ်ဘေးကြောင့်
သေဆုံးသူတွေ ပိုမိုများပြားလာသည်။

"အရှင်မင်းကြီး...ဘယ်အရာတွေကများ
အရှင့်စိတ်နှလုံးကို ညစ်ညူးစေပါသလဲ..
ကျွန်တော်မျိုး ဘာများဆောင်ရွက်ပေးရမလဲ"

"ရှောင်းကျန့်...ရှောင်းကျန့်လို ဘာအင်အားမှ
မရှိတဲ့လူကို မောင်မင်းတို့ ဘာကြောင့်အခုထိ
မဖမ်းနိုင်သေးတာလဲ!"

"ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်
အရှင် ~ ဒါပေမဲ့ သူကလျင်လွန်းတော့.."

*ခွမ်း*

*ဝုန်း*

"အဲ့တာ မောင်မင်းတို့သောက်သုံးမကျလို့ပေါ့!
မောင်မင်းတို့ကို လက်နက်အပြည့်အစုံ
ပေးထားလျက်နဲ့ မိအောင်မဖမ်းနိုင်တာ
မောင်မင်းတို့အသုံးမကျလို့!!"

"စိုးရွံ့မိပါတယ်အရှင်...အရှင့်မှာရော
အကြံကောင်းများရှိသေးသလား"

ရစ်ချက်မေးသာမေးရ၏။ ဘုရင်ရူးဟာခါတိုင်းနှင့်
မတူ၊ ဒီနေ့မှပိုလို့ပင် ခက်ထန်တည်တင်းနေသည့်
မျက်နှာထားကြောင့် လန့်နေမိတာတော့ အမှန်ပင်
ဖြစ်သည်။ဘုရင်ရူးကို ရူးကြောင်ကြောင်မျက်နှာ
ထားနှင့်သာ ရင်းနှီးနေသည့်အတွက် အခုလိုပုံစံ
မြင်ရသည့်အခါ လန့်နေမိသည်။ ဖင်းဟုန်၏
မျက်နှာထက်၌ ကြောက်မက်ဖွယ်ကောင်းသော
အရာတစ်ခုကိုဖန်တီးတော့မည်ဆိုတာထင်ရှားစွာ
ပေါ်လွင်နေ၏။

🦊Love Story From Luoyang🐷Where stories live. Discover now