Part9

917 20 3
                                    

P9
"ဘယ်လို...ဦးထွန်းခန့်ကဆေးရုံတတ်နေရတယ် ဟုတ်လား"
"ဟုတ်ပါတယ်မမလေး..carအချင်းချင်းချိတ်မိတာပါ"
"သူနဲ့ချိတ်မိတဲ့သူကရော ဘယ်သူလဲသိလား"
"မသိသေးပါဘူးမမ..လူငယ်လေးပါပဲ ဆေးရုံတခါတည်းလိုက်ပို့တယ်လို့သိရပါတယ်"
"အင်း အဲ့လူရဲ့အကြောင်းပါတခါတည်းစုံစမ်းထား..ဦးထွန်းခန့်ကိုလဲစောင့်ကြည့်ထား "
"ဟုတ်ကဲ့မမလေး ..ဦးထွန်းခန့်car accidentဖြစ်တာသွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူး"
"ငါလဲအဲ့လိုဘဲထင်တယ် အဲ့ဒီလူကတအားညဏ်များတယ် ရှည်ယာရှင်အစည်းအဝေးလဲရောက်တော့မှာဆိုတော့ ဒီရက်ပိုင်းအစအစအရာရာသတိထားပီးနေပါ ဦးထွန်းခန့်ရဲ့လှည့်ကွက်ထဲမရောက်ဖို့ သူ့ကိုသေချာစောင့်ကြည့်ထား"
"ဟုတ်မမလေး ဒါနဲ့ ဦးထွန်းခန့်မှာ သမီးတယောက်ရှိတယ်ကြားတယ် သူ့ကိုရော စောင့်ကြည့်ရမလား"
"အင်းစောင့်ကြည့်ထား"
"ဟုတ်ကဲ့"
"ဟုတ်ပြီ ညနေကျရင်ဆေးရုံကိုသွားကြတာပေါ့"
"ဟုတ်ကဲ့မမလေး"
ဦးထွန်းခန့် ဦးထွန်းခန့် ဒီရက်ပိုင်းငြိမ်နေပါတယ်ထင်နေတာ ဆေးရုံရောက်နေတာကိုး ရှင်ဘာတွေကြံစည်နေလဲဆိုတာ ကျွန်မရအောင်စုံစမ်းရမယ်။

နန်းဆက်သက်လျာသည်ပုံမှန်ကြည့်ရင်အေးအေးလေးနဲ့ထက်မြတ်တယ်ထင်ရပေမဲ့ လက်သည်းဝှက်ထားတဲ့ကြောင်ရိုင်းမလေးဖြစ်သည်၊
——————————————————-
ဒေါက် ဒေါက် ဒေါက်
"သမီးတံခါးခေါက်နေတယ် မောင်တော်ဝင်လားမသိဘူး၊သွား မြန်မြန်သွားဖွင့်စမ်း"
"ဟုတ်ကဲ့ဖေဖေ"
ပိတောက်ဝါငယ်လဲ ကိုကိုလာမယ်ထင်၍မနက်ကတည်းကစောင့်နေတာဖြစ်သည်၊ဒါ့ကြောင့်တံခါးကိုအပြုံးလှလှလေးဖြင့် ဆွဲဖွင့်လိုက်တဲ့အခါ....
"ဟင်"
'လှလိုက်တဲ့မိန်းမ"ဆိုပြီးသူမစိတ်ထဲပြောလိုက်မိသည်၊အကြည့်စူးစူးနဲ့ သူမကိုကြည့်နေတာများ ကြက်သီးတောင်ထသည်

နန်းဆက်သူမကို ပြူးကြည့်နေသည့်ကလေးမကိုပြုံးပြလိုက်ပြီး
"ဒို့ဝင်လို့ရမလား"
"ရှင် ဟုတ် ဟုတ်ကဲ့မမ ဝင်ပါရှင့်"
"Thanks"

"ဟိုင်း ဦးထွန်းခန့် သက်သာရဲ့လား"
"သက်သာပါတယ်ဗျာ..MDကဘယ်ကနေဘယ်လိုသိပြီးရောက်လာတာလဲ"
"ဟင်း ဟင်း ဒီလိုပဲကြားလို့သတင်းလာမေးတာပါ..ကျွန်မ မသိတာဘာမှမရှိဘူးလေ"
"မသိပါဘူးMDက အန်ကယ့်ကိုများစောင့်ကြည့်နေတာလားလို့"
"အို ဘယ်လိုတွေတောင်စွတ်စွဲရတာလဲ၊ကျွန်မကဘာလို့အန်ကယ့်ကိုစောင့်ကြည့်ရမှာလဲ၊အန်ကယ်ဘာတွေများလုပ်ထားလို့စောင့်ကြည့်ရမှာလဲ"
"ဟားဟား စတာပါ၊အခုလိုသတင်းလာမေးလို့ကျေးဇူးတင်ပါတယ်"
"ရပါတယ် ရှယ်ယာရှင်အစည်းအဝေးလဲရှိသေးတော့ အန်ကယ်မတတ်ရောက်နိုင်မှာစိုးလို့ပါ အဟင်း"
"မပူပါနဲ့ အဲ့နေ့ကတကယ့်နေရက်ကြီးဆိုတော့ အန်ကယ်မဖစ်ဖစ်တဲ့နည်းနဲ့တတ်မှာပါ"
"ကောင်းတာပေါ့ရှင့်"

LoyalWhere stories live. Discover now