Busan city
" ဟယ်လို Jake "
တစ်ဖက်က Jake မှာ သူ့အားယခုမှအဆက်သွယ်လုပ်ခြင်းကိုမကျေမနပ်ဆဲဆိုနေတော့၏။
" ငါ တစ်ရက်နှစ်ရက်လောက်နေရင် Seoul ကိုလာခဲ့မယ် "
_______
Seoul
" ဘယ်ရောက်နေပြီလဲ Sunghoon "
" ရောက်တော့မယ် မင်းတို့ကိုမြင်နေရပြီ "
တက္ကသိုလ်တက်တုန်းက သူတို့ထိုင်နေကျဆိုင်ကလေးမှာဆုံကြရန်ချိန်းထားခြင်းဖြစ်သည်။
Sunghoon က Seoul မှာ မွေးပေမဲ့ မိဘတွေရဲ့အလုပ်ကြောင့် Busan မှာ နေရခြင်းဖြစ်၏။
Seoul မှာ တက္ကသိုလ်လာတက်ရင်း Jake နဲ့ Jay လို့ခေါ်သည့်သူငယ်ချင်းနှစ်ယောက်ရခဲ့ခြင်းဖြစ်သည်။" ဟိုမှာ Sunghoon"
Jay က ပြောရင်းလှမ်းမြင်နေရသည့် Sunghoon ကိုလက်ပြလိုက်၏။ယခုသူတိူ့သုံးယောက်လုံး Aussie မှာကျောင်းတက်ဖို့စာမေးပွဲဖြေရန်ကြိုးစားနေကြခြင်းဖြစ်သည်။
Sunghoon လည်း စာမေးပွဲဖြေရန် Seoul သို့ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။" ဘာသောက်မလဲ Sunghoon"
" တော်ပြီ ဘာမှမသောက်တော့ဘူး "
Sunghoon ပုံစံက တစ်ခုခုကိုအလျင်လိုပြောချင်နေသည့်ပုံဖြစ်တာကြောင့်
" Jake တစ်ခုခုမှာလိုက် ၊
ငါတို့ထွက်မပြေးဘူး Sunghoon,
ပြောစရာရှိရင် အေးဆေးပြောလို့ရတယ် "Jay စကားကြောင့် Sunghoon အနည်းငယ်တည်ငြိမ်သွားသည်။
Sunghoon ဘာတွေဖြစ်လာခဲ့လဲဆိုတာကို သူတို့လည်းသိချင်နေသည်။" ငါ့မိဘတွေ ....
car Accident ကြောင့်ဆုံးသွားကြတယ်၊
မိသားစုအမွေကိစ္စတွေကလည်းအခုထိရှင်းလို့မပြီးကြသေးဘူး ၊
ငါ့အတွက်ကကျောင်းပဲတက်ရဖို့ကအရေးကြီးဆုံးပဲ၊
အဲ့တာကြောင့် အဲ့ဒီအမွေတွေကိုထားခဲ့ပြီး ငါ့အားငါကိုးပြီး
Seoul ကိုရောက်လာတာ ၊
ငါ့ပိုက်ဆံငါရှာပြီး ကျောင်းတက်ချင်လို့ "" အဲ့ဒီတော့ မင်းဘာလုပ်မယ်စဉ်းစားထားလဲ "
" အဲ့ဒီကိစ္စပဲပြောချင်လို့မင်းကို ခေါ်လိုက်တာ Jake ,
မင်းကိုအကူအညီတစ်ခုလောက်တောင်းချင်လို့ "