ခမ်းနားထည်ဝါလှသည့်မြို့လေးတစ်မြို့တွင်နေထိုင်လုပ်ကိုင်စားသောက်နေသည့်ကောင်ငယ်လေးတစ်ဦး။
လရောင်အေး။
သူသည်အသက်ငယ်ငယ်လေးနှင့်ဝင်ငွေရဖို့အလုပ်လုပ်ခဲ့ရသည်။သူလုပ်နေရသည့်အလုပ်ကိုဝါသနာမပါပေမဲ့အိမ်၏ဝင်ငွေအတွက်ရှာဖွေရမည်။သူ၏အိမ်အခြေအနေသည်လည်းလုံးလုံးကြီးအဆင်ပြေနေခဲ့သည်မဟုတ်။
လောချိကုန်းမြို့လေးသည်ကြီးကျယ်လှသောမြို့လေးမဟုတ်ပေမဲ့သူနေရာနှင့်သူတော့ခမ်းနားကြီးကျယ်လှပေသည်။မြို့လေးတွင်နေထိုင်ကြသောလူများသည်လည်းဆန်းဆန်းပြားပြားနှင့်အဝတ်အစားဆင်ယင်မှုကြောင့်တစ်မျိုးကြည့်ကောင်းပေသည်။လူလတ်တန်းစား များသည်ကြောင့်မြို့၏အခြေအနေသည်လည်းဖွံဖြိုးပြီးနေရာထဲတွင်မပါပေ။
လရောင်အေးဆိုသည့်ကောင်လေးသည်အကဆိုသည့်ဖျော်ဖြေခြင်းကိုလွန်စွာနှစ်သက်ခုံမင်သည်။သူ့အလုပ်ကပြန်လာချိန်တိုင်းစိတ်ပေါ့ပါးအောင်အမြဲကခုန်လေ့ရှိသည်။
သူ၏အကသည်မှော်ဆန်သည့်အကလေးတစ်ခု။
ပရိတ်သတ်များစွာကိုလည်းသူ၏အကဖြင့်စွမ်းဆောင်နိုင်သည်မှာအသေချာ။
သို့ပေမဲ့သူ၏ဘဝအခက်အခဲကြောင့်သူ၏ဝါသနာကိုအကောင့်အထည်မဖော်နိုင်ခဲ့ပေ။လူခြေသံတိတ်ဆိတ်သည့်အရုဏ်ဦးတစ်ခုတွင်လရောင်အေးဆိုသည့်ကောင်ငယ်လေးသည်သစ်ပင်ကြီးအောက်လမ်းကျယ်လေး၌ကခုန်နေခဲ့သည်။သူ၏အက ကိုတော့ကြည့်ရှုမည့်သူတော့မရှိ။သူတစ်ယောက်တည်းကရတာကိုသဘောကျသည်။မည်သူမျှမရှိပါစေသူကခုန်မည်။
သစ်ရွက်ကျသံလေးနှင့်အတူပေါ့ပါးစွာဖြင့်ကခုန်နေသောခြေသံတစ်ချိို့သည်လည်းတေးသံသဖွယ်လေထဲ၌စီးမျောလျက်။တိုက်ခတ်နေသောလေများသည်လည်းသူ၏အက ကိုစိတ်ဝင်စားဟန်ဖြင့်တေးသံသဖွယ်ဖန်တီးကာတိုက်ခတ်လျက်ရှိသည်။သူ၏ဆံသားများသည်လည်းဟိုယိမ်းဒီယိမ်းနှင့်ငြိမ်သက်နေမှုမရှိပေ။
သစ်ပင်ပေါ်တွင်ရှိသောငှက်ကလေးများသည်လည်းနားဝင်ချိုသည့်တေးသံများကိုမြည်ကျူးနေကြသည်။သဘာဝတရားကြီးကသူကိုမျက်နှာပေးသည့်အနေအထား။သူ့သည်အက၌စိတ်ရောကိုယ်ပါထည့်ကာကခုန်တော့နံဘေးတွင်ရှိသည့်သဘာဝတရားကြီးကိုလည်းသတိမထားမိတော့ပေ။
သူလုံးဝအက၌စီးမျောသွားခဲ့ပြီ။
မည်သူမှတားဆီးလို့ရမည်မဟုတ်။လောချိကုန်းမြို့လေးသည်လွန်စွာစိမ်းလန်းစိုပြည်သောအပန်းဖြေစရာမြို့လေးတစ်ခုလည်းဖြစ်သည်။မြို့လေးတွင်ရှိသောအလယ်တည့်တည့်၌ဆောက်လုပ်ထားသည့်Dancer king ခေါင်းစဥ်နှင်အဆောက်အအုံကြီးတစ်ခုရှိပေသည်။ဝင်ကြေးကများလွန်းသည့်အတွက်မရှိဆင်းရဲသားတို့အတွက်မတတ်နိုင်ခဲ့ပေ။ထိုထဲတွင်လရောင်အေးသည်လည်းတစ်ဦးအပါအဝင်။
Dancer kingတစ်ယောက်ဖြစ်ဖို့သူအသည်းအသန်ကြိုးစားရှာသည်။သူအတွက်တော့ကံဖန်တီးရာဘဲလိုက်ရတော့မည်...
27/1/2024
စနေနေ့
YOU ARE READING
ချစ်ခြင်းသက်သေတည်
Romanceခင်ဗျားရဲ့အကဟာကျုပ်ရဲ့နှလုံးသားလေးကိုဖမ်းစားနိုင်လွန်းပါတယ်။ကျုပ်..ခင်ဗျားရဲ့ခြေတော်ရင်းမှာခစားပါရစေ.. #စစ်သွေးရောင်နီမင်း