PART-(2)meet strangers

34 4 0
                                    

(Unicode)

Yunaတစ်ယောက်အသံကြားရာဘက်ကြည့်သလိုLunarကလည်းကြည့်ကာLunarကထိုတစ်ယောက်အားအားရပါးရဒေါသမျက်ဝန်းများဖြင့်ကြည့်နေသည်။

*၁နှစ်ကျော်အဆက်အဆံမလုပ်တဲ့သူငယ်ချင်းဟောင်းကြီးပါလား....ငါကတော့သူငယ်ချင်းသစ်ရပြီပေါ့....*

*နင်လိုစကားပြောသိပ်မပြောတဲ့သူကသူငယ်ချင်းရတယ်ပေါ့မဖြစ်နိုင်တာ*

Yunaလည်းရန်တွေထဖြစ်မှာဆိုးလို့သူLunar ဘက်ကကာစီးပြီးလေသည်။

*တော်ကြာပါတော့ရှင်....ဒီကSoraထင်တယ်။Soraရည်စားကလေ.....*

သူပြောမယ်ဆဲဆဲကျက်သရေတုံးကောင်Kim DoyoungကSoraအားပခုံးတင်ကာ

*ကိုယ်ရည်စားဟောင်းတွေလေသူတို့ကလေ.....*

ပေါက်ကရတလွဲတစ်ချောစကားပြောတော့Yunaလည်းမျက်ဝန်းပြူးသားဖြင့်ဘာမှမပြောပဲကြည့်နေကာLunarကတော့စိတ်ပျက်သွားတဲ့
ပုံစံနှင့်

*လမ်းမှာမျက်နှာချင်းဆိုင်တွေ့ရတာကိုတောင်မတွေ့ချင်လောက်တဲ့ထိမုန်းမိလာသလိုပဲ*

​အရှေ့တည့်တည့်လှည့်ကာကော်ဖီကိုအေးဆေးသောက်ကာSoraက

*နင်တို့ကသူများရည်စားကိုလုချင်နေတာလား*

Yunaလည်းရှင်းပြမယ်ဆဲဆဲစိတ်မရှည်ဖြစ်တဲ့Lunarက

*ဟော်ရှင်။ကျွန်မတို့ကကြာကူလီမတွေမဟုတ်ပါဘူး။
သူများရည်စားကိုစနိုက်တတ်တဲ့လူစားလည်းမဟုတ်ဘူးSora ....*

Soraလည်းလက်ပိုက်ကာ

*ဂျပုမကများ.....ငါမှာ၀တ္တရားရှိလို့သာဝင်ပြီးလာဖိတ်တာ.....*

Yunaလည်းကြောင်နေသလိုLunarကလည်းတစ်ဖက်ပြန်လှည့်ကာဟိုကောင်ကဖိတ်စာပေးပြီး

*ရော့လာခဲ့ကြပါခင်ဗျာ။ရည်စားဟောင်းအနေနှင့်မဟုတ်ပဲသူငယ်ချင်းအနေနှင့်ဖိတ်တာနော်....*

Lunarလည်းSoraပေးတဲ့ဖိတ်စာယူသလိုYunaလည်းဟိုလူပေးတဲ့ဖိတ်စာယူပြီးနှစ်ယောက်သားတစ်ပြိုင်နက်ထဲကြည့်ပြီးSoraကိုစိုးရိမ်တဲ့မျက်၀န်းများဖြစ်ကြည့်လေသည်။Soraကတော့

*ငါကနင့်ကိုဝတ္တရားရဖိတ်တာ....အမှန်ဆိုမဖိတ်ချင်ဘူး....လာဖြစ်အောင်လာပေါ့....*

ʏᴏᴜ ᴄᴀɴ ᴍᴀʀʀʏ ᴍʏ ᴇx .......Where stories live. Discover now