Part - 1

219 11 2
                                    

သီချင်းတွေကသူ့ဘဝတစ်ခုလုံးမှာအရေးအပါဆုံးအစိတ်အပိုင်းတွေထဲကတစ်ခု။ ပျော်နေရင်လည်းသီချင်းနားထောင်သလို ဝမ်းနည်းရင်လည်းနားထောင်တယ်။ ပင်ပန်းနေရင်လည်းနားထောင်သလို တက်ကြွနေရင်လည်းနားထောင်တယ်။ စိတ်ခံစားမှုအကုန်လုံးကိုသီချင်းတွေနဲ့ပဲစီး‌မျှောပစ်တာ သူ့ရဲ့အကျင့်တစ်ခု။ သီချင်းတွေကိုတအားသဘောကျတာ အဆိုတော်ရောမဖြစ်ချင်ဘူးလားဆိုရင်တော့ မဖြစ်ချင်ပါဘူးလေ။ သီချင်းတွေကိုသဘောကျတာနဲ့အဆိုဖြစ်ချင်တယ်ရယ်လို့မှမရှိပဲကို ဒီအတိုင်း ဒီအတိုင်းလေးပဲ သဘောကျမယ်။ အဆိုတော်မဖြစ်ချင်ပေမဲ့ သီချင်းဆိုရတာကိုတော့ ကြိုက်တယ်။ ကျောင်းက ပွဲတွေနဲ့ တစ်ချို့သူငယ်ချင်းတွေရဲ့ ပါတီတွေ အခမ်းအနားတွေမှာလိုက်ဆိုဖြစ်တယ်။ အမှန်တကယ်တော့ ဒီလိုလိုက်ဆိုဖြစ်တာကလည်း သူနဲ့ ဝါသနာတူသူငယ်ချင်း‌တွေရှိ‌လို့လေ သူတစ်ယောက်တည်းဆို လိုက်ဆိုဖြစ်မယ်မထင်ပါဘူး လူတွေနဲ့ဆက်ဆံရမှာသူ့အတွက်ခက်ခဲလို့။ အရင်ကဆိုအပေါင်းအသင်းတောင်ရှိခဲ့တာမဟုတ်ဘူး။ uni ရောက်မှ နဲနဲ ပေါင်းသင်းဆက်ဆံတတ်လာပြီးသူငယ်ချင်းတွေရလာတာ။ သူငယ်ချင်းတွေဆိုလို့အများကြီးလို့လဲ မထင်လိုက်နဲ့အုံး တကယ်တမ်း ရေ‌တွက်ကြည့်ရင် သူတကယ်ခင်တဲ့သူကလက်တစ်ဖက်မပြည့်ဘူးရယ်။ သူတို့သူငယ်ချင်းတစ်စုက first year second semester ကစလို့ အခု third year အထိ တောက်လျှောက်ကျောင်းက ပွဲတိုင်းပါနေကျမို့ ဒီနှစ်လည်း ဆရာတွေရဲ့ ကမ်းလှမ်းမှုအရရော သူတို့ကိုယ်တိုင်ရဲ့ ဆန္ဒအရပါ ပါဝင်ဖြစ်ပြန်တယ်။ နှစ်ကုန်ကျောင်းနှုတ်ဆက်ပွဲက ရှေ့အပတ်ထဲမှာလုပ်မှာဆိုတော့ ထုံးစံအတိုင်း သူတို့သူငယ်ချင်း‌တွေစုပြီး ပွဲအတွက်ပြင်ဆင်နေရပြီလေ။ နှစ်တိုင်းလုပ်နေကျမို့ မခက်ခဲပေမဲ့ ဒီနှစ်က အဆိုပိုင်းအပြင်တာဝန်ယူထားတဲ့နေရာများတာမို့ နဲနဲတော့ အလုပ်ပိုရှုပ်တယ်။ အခုလည်း ကျောင်းပန်းခြံထဲမှာ ရောက်နေတာ တစ်နာရီကျော်နေပြီ
ဆောချန်းဘင်းနဲ့ ဟန်ဂျီဆောင်းတို့ခုထိညှိမရသေးဘူး။ သူကတော့ ဂျောင်အင်နဲ့ယုံးဘို့နဲ့ stage decorations အပိုင်းကိုဆွေးနွေးနေလိုက်တယ်။ ဟိုနှ‌ယောက်ညှိလို့ပြီးမှပဲသီချင်းကိစ္စဆက်လုပ်လို့ရတော့မှာဆိုတော့ ကျန်တဲ့အပိုင်းကိုပဲလုပ်ရတော့တာပေါ့။

𝚂𝚎𝚌𝚛𝚎𝚝 𝙻𝚘𝚟𝚎Where stories live. Discover now