"ဟင် နိုးလာတာမဟုတ်ဘူးလား"
ခုနတင်လှုပ်ရွလာတဲ့ကောင်လေးက တစ်ဖက်စောင်းပြီးပြန်အိပ်ပျော်သွားပြန်သည်။ မဖြစ်သေးပါဘူး ဒီတိုင်းဆိုဇက်နာနေတော့မှာ နိုးအောင်နှိုးမှဖြစ်မယ်။
"Seungminie Seungminie Seungminie ထတော့ အိမ်ရောက်နေပြီ သိလား။ Seungminie အိမ်ရောက်ပြီ အထဲရောက်မှအိပ်လေနော်။ Seungminie Seungminie..."
"အာ ရောက်တောင်နေပြီလား။ ဘယ်လိုအိပ်ပျော်သွားပါလိမ့်။ ဆောရီး Hyung အိပ်ပျော်သွားတယ်"
"ရပါတယ် Seungminie ကနှိုးရခက်သားနော်"
တကယ်လည်းနှိုးရခက်မှန်းကိုယ့်ကိုယ်ကိုယ်သိတာမို့သွားသာဖြဲပြမိတယ်။ Kim Seungmin တို့ကအိပ်မောကျသွားရင် ဆင်အော်တောင်မနိုးဘူး။
"ခန ကိုယ်တံခါးဖွင့်ပေးမယ်"
"ရတယ်ရတယ် hyung ကိုယ့်ဘာသာပဲဆင်းလိုက်ပါမယ်။ hyung လည်းပြန်တော့လေ နောက်ကျနေပြီ။ လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ် hyung"
"အတင်းကိုနှင်တော့တာပဲ ပြန်ပါ့မယ် ပြန်ပါ့မယ်"
"အဲ့လိုမဟုတ်ပါဘူး နောက်ကျနေပြီမို့လို့ပါ။ ထပ်ပြီးတော့ကျေးဇူးတင်ပါတယ် Hyung "
"ကိုယ် Seungminnie ကိုလိုက်ပို့တာကျေးဇူးတင်ခံချင်မဟုတ်ဘူး။ ဒါမဲ့ Seungminnie ကကျေးဇူးတင်ချင်တယ်ဆိုရင်တော့မှတ်ထားလိုက်လေနော်။ နောက်မှကိုယ့်ကိုတစ်ခုခုပြန်ပေးပေါ့။ အခုတော့နားလိုက်အုံး။ ကိုယ်သွားပြီနော်"
ဘာအဓိပ္ပာယ်နဲ့ပြောသွားမှန်းမသိတဲ့ Leeknow hyung ရဲ့စကားတွေကို နားမလည်တာမို့ ကြောင်ကြောင်လေးသာပြန်ကြည့်မိရင်း ခေါင်းညှိတ်ပြမိတယ်။ ထားလိုက်တော့ နားတာပဲကောင်းတယ်။
___________________________________
ခြံဝင်းထဲမှာ ပုံမှန်ချိန်မဟုတ်ဘဲ ရောက်နေတဲ့ကားကြောင့် မျက်မှောင်တို့ကိုအလိုလိုကျုံ့မိတယ်။ သူ့ရဲ့ ကြည်နေတဲ့စိတ်ကလေးက ချက်ချင်းကို မဲမှောင်သွားရတာများ။ ထိုကားရဲ့ဘေးချင်းကပ်ရပ်နေရာတွင်ရပ်ကာ အိမ်ထဲသို့ဝင်သွားတော့ တွေ့ရပါပြီ သူနဲ့ဒီတစ်သက်လုံးအပေါက်အလမ်းတည့်မှာမဟုတ်တဲ့ ဖခင်ဖြစ်သူကိုလေ။ မမြင်ချင်ယောင်ဆောင်ရင်း အပေါ်ထပ်ကသူ့အခန်းဆီ တက်သွားဖို့ပြင်တော့