From now you the only one I need

684 99 26
                                    

Paper baby I'll be the pen။

"ကျွန်တော်ထွက်မပြေးပါဘူး လေးနာရီမတိုင်ခင်ကျောင်းလာကြိုပါ ဖိနပ်လည်းသေသေချာချာစီးပါ"

ကီးချိန်းပေါင်းစုံချိတ်ထားသည့်ကျောပိုးအိတ်အဝါကလေးကိုလွယ်ကာဧည့်ခန်းအားကျောပေးလျက်ဖိနပ်ကြိုးချည်နေသည့်ကောင်ကလေးစီကချိုမြမြစကားသံတွေ။

ရုံးမသွားခင်မြင်နေကျမြင်ကွင်းလေးဟာစတွေ့တုန်းကလိုမျိုးငေးကြည့်ချင်စရာကောင်းနေတုန်းပေ။

'busစီးချင်တယ်'ဆိုတဲ့တောင်းဆိုချက်လေးကြောင့်မနက်ပိုင်းကျောင်းလိုက်ပို့ရသည့်တာ၀န်ဟာလျော့သွားသော်လည်းငါစိတ်မချနိုင်ပေ။

မျက်စိရှေ့မှာတစ်စက္ကန့်လောက်ပျောက်သွားရင်ကိုပဲအရူးတစ်ယောက်လိုမျိုးသွေးပူကာလိုက်ရှာနေမိတတ်တာလဲသူပေးခဲ့သည့်ဆိုက်ကိုတစ်ခု။

တစ်ကယ်ပါ။နေသားကျနေတဲ့အထီးကျန်ကမ္ဘာထဲမှာသူရောက်လာမှပဲငါ့မှာဆယ်ကျော်သက်လေးလိုမျိုးသွပ်သွပ်ကိုခါလို့။

မြင်ရခဲတဲ့သူ့အပြုံးလေးတွေကိုတစ်မိုးအောက်ထဲမြင်ရပြန်တော့လည်းငါဟာကုသိုလ်တွေနှင့်လည်နေသည့်၀ဋ်ထဲမှာသံသရာတွေကိုလည်လို့။

လက်ပိုက်ကာနံရံဘက်သို့ကိုယ်တစ်ခြမ်းစောင်းကာမှီလိုက်ရင်းခုထိဖိနပ်ကြိုးချည်လို့မပြီးသေးသည့်ကောင်ကလေးရဲ့ကျောပြင်သေးသေးလေးအားငါငေးကြည့်နေမိပြန်သည်။

"ချာတိတ်.."

"‌ဗျာ"

တစ်နေ့တစ်ခြားလဲ့လာသည့်အဲ့ကြယ်တာယာတွေစုထည့်ထားသည့်မျက်၀န်းတွေငါ့ဘက်ရောက်လာသည့်အခါစည်းချက်မညီတော့သည့်ငါ့ရင်ခုန်သံတွေ။

အင်း..။လိပ်ပြာလေးတွေရင်ဘတ်ထဲဝဲသွားသလိုမျိုးခံစားလို့သိပ်ကောင်းသည်။

"စာ‌သေချာလုပ်ပြီး.."

ဘာစကားမှမဆိုပဲကြည့်နေခဲ့သည့်မျက်၀န်းလှလှလေးတွေကြောင့်ညွှန့်တက်သွားသည့်ငါ့နှုတ်ခမ်းထောင့်တွေ။

"ကိုယ့်ကိုလည်းသတိရပါ"

"..အင်း"

အဖြူရောင်sneakerလေးကြိုးချည်ပြီးသွားသည့်နောက်မှာသူ့နှုတ်ကနေ'အင်း'ဆိုသည့်အသံခပ်တိုးတိုးလေးထွက်လာခဲ့သည်။

Sure thing (geminifourth ff✅)Where stories live. Discover now