ဟူး!!
ပါးနှစ်ဖက်ကိုဖောင်း၍နှုတ်ခမ်းနှစ်ခုကိုစိလျက်ပါးစပ်ထဲမှလေကိုဖြည်းဖြည်းချင်း "ဟူး"ခနဲမှုတ်ထုတ်လိုက်သည့်ကောင်လေး
ကိုကြည့်ပြီးသဇင်ရိပ် ကပြုံးလိုက်သည်။အသားဖြူသူလေးဖြစ်သည့် စတော်ဘယ်ရီလွင် ဆိုသည့် သူမ၏သူငယ်ချင်းလေးသည် ပူအိုက်လာရင်ပါးလေးတွေကအစရဲလာတတ် သည်။ပူအိုက်တဲ့ရာသီဆို စတော်ရဲ့အသားရည်သည်ပန်းရောင်ထသည်ထိအသားရည်ကောင်းသူလည်းဖြစ်၏။ယောကျာ်းလေးဟုဆိုစေကာမူ စတော် သည်သူမထက်ပင်အ သားရည်လှပြီးချစ်စရာလည်းကောင်းသည်။၆ပေပြည့်ရန် 5လက်မလိုသည့်အရပ်နှင့်အနှီးကောင်လေးသည်ခန္ဓာကိုယ်ဖွံဖြိုးမှု့အားဖြင့်လည်း သူမ နဲ့မတိမ်းမယိမ်းပင်ဖြစ်၏။ပိန်သည်ဟုလည်းမဆိုသာသလိုပြည့်ဖြိုးသည့်ဘက်လည်းရောက်မနေသည့် စတော်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက သူမ မျက်လုံးထဲတွင်တော့ချစ်စရာကောင်းသည့်ကောင်လေးအသွင်ဖြစ်နေသည်။ဘုရားစူးပြောရရင်ဒီချစ်စရာကောင်းတဲ့ကောင်လေးက အသက် 26နှစ်အရွယ်ကလေးအထူးကုဒေါက်တာဖြစ်သည်။Duty coat အဖြူရောင်လေးဝတ်ဆင်ထားသူကအဖြူရောင်ထိုcoatနှင့်အပြိုင်အလင်း ရောင်တွေဖြာထွက်နေသလိုပင်။ကလေးကုသဆောင်ရဲ့နာမည်ကြီး ကလေးအထူးကုဒေါက်တာစတော်ဘယ်ရီလွင် သည်ကလေးမိဘများနှင့်ကလေးတွေကြားနာမည်ကြီးသူလည်းဖြစ်သည်။အပြုံးချိုပြီးဖော်ရွေတဲ့ဒေါက်တာလေးသည်"ထိုက်ဆေးရုံ"ရဲနာမည် ကြီးဆရာဝန်တွေထဲကတစ်ယောက်လည်းဖြစ်၏။
"ပူရင်အဲကွန်းအောက်သွား! စတော် ...
နင့်ကြည့်တာ ငါပါပူလာပြီ""ဆူပူနေမဲ့အစား နင့် ပန်ကာငါ့ဘက်လှည့်
ပေးပါ့လားအရိပ်ရာ။ဘေဘီလေးတစ်ယောက်ကအရမ်းဆိုးနေလို့ဆေးထိုးဖို့အ
ရေးလျှာထွက်မတတ်ပဲ။တကယ်အရမ်းဆိုးတယ်။တင်ပါးလေးကိုသာသူ့မေမေမသိအောင်ရိုက်လိုက်ချင်တယ်"လူပုစိတ်တိုကဘယ်လိုဖြစ်ပြီးကလေးအထူးကုဆရာဝန်ဖြစ်လာသလဲ အရိပ် တကယ်တွေးမရပေ။စိတ်ရှုပ်မခံချင်တဲ့ စတော့် အကြောင်းကို အရိပ် ကောင်းကောင်းကြီးသိ၏။အလုပ်ပြင်ပသာထိုသို့ပြောတတ်ပေမဲ့ အလုပ်ချိန်ဆို စတော်က အခြားလူတစ်ယောက်အစားထိုးလိုက်သလိုပင်။ကလေးတွေအပေါ်သူ့လောက်စိတ်ရှည်တဲ့သူရှိမည်တောင်မထင်ပေ။
YOU ARE READING
သတိ!ရှေ့ကိုက်၁၅၀၀တွင်အချစ်ရှိသည်...
General Fictionစိုင်းစိုးစံမင်းပိုင် စတော်ဘယ်ရီလွင်