(5)

197 29 13
                                    

" ဒါတွေကဘယ်တော့မှလုပ်လို့ပြီးမှာလဲကွာ "

ငြီးငြူသံရဲ့အဆုံးမှာ စာရေးစားပွဲပေါ်သို့မျက်နှာအပ်ချလိုက်ပါသော ချွဲဘောမ်ဂယူ။ မျက်နှာချင်းဆိုင်ကချွဲဆူဘင်းမှာ သူ့ကိုကြည့်ပြီး ခေါင်းတခါခါဖြင့်။

အခုအချိန်မှာသူဘယ်လောက်အလွမ်းဒဏ်သင့်နေရလဲဆိုတာ ချွဲဆူဘင်းနားမလည်ပါဘူး။ ထိုအကြောင်းအရာကို သူလွမ်းနေရတဲ့ချွဲယောန်ဂျွန်းလည်းသိမှာမဟုတ်ဘူး။

" စိတ်တိုလိုက်တာ "

" ဘယ်လိုဖြစ်နေတာလဲ ချွဲဘောမ်ဂယူ။ မင်း စီနီယာယောန်ဂျွန်းနဲ့မတွေ့ရသေးတာ တစ်ရက်ပဲရှိပါသေးတယ်။ ဘာတွေကိုအကဲပိုပြနေတာလဲ "

သူပြောပါတယ်။ ချွဲဆူဘင်းသူ့ကိုနားမလည်ပါဘူးလို့။ တစ်ရက်ဆိုတာလည်းတစ်ရက်အလျောက် လွမ်းလို့ရနေတာပဲမဟုတ်ဘူးလား။ တစ်ရက်တည်းမတွေ့ရလို့လွမ်းမနေရဘူးဆိုတဲ့ဥပဒေလည်းမရှိဘူးလေ။

ဘောမ်ဂယူကကျေမနပ်ဖြင့် သူငယ်ချင်းဖြစ်သူကိုကြည့်လိုက်မိပါသည်။

" အဲ့တာမင်းကြောင့်လေ "

သူ့ဘက်ကစပြီးရန်တွေ့လိုက်တော့ ချွဲဆူဘင်းကလည်းလုပ်လက်စအလုပ်တွေကိုရပ်ပြီးဘာစကားလဲဆိုသည့်သဘောနဲ့ကြည့်လာတယ်။

" မဟုတ်လို့လား မင်းမနေ့ကငါ့ကိုအတင်းဆွဲပြီးမင်းအိမ်ခေါ်သွားလို့ဟျောင်းနဲ့မတွေ့ရတာပါ့ပဲ "

အမှန်ပင်။ မနေ့ကတစ်နေ့လုံးကျောင်းမှာအလုပ်ရှုပ်နေလို့ဟျောင်းဆီမသွားဖြစ်လိုက်တာနဲ့ ညကျအိမ်သွားတွေ့မယ်လို့တွေးထားခဲ့တာကို ချွဲဆူဘင်းတစ်‌ယောက်ဂုတ်ကနေအတင်းဆွဲခေါ်သွားခဲ့တာကြောင့် သူ့အစီအစဉ်လေးပျက်ယွင်းသွားခဲ့ရတာ။ ဘောမ်ဂယူတကယ်မကျေနပ်ပါဘူး။

" ငါကလည်းမင်းကိုအတင်းဆွဲမခေါ်ချင်ပါဘူး။ tuto ဖြေရတော့မယ်။ presentation လည်းလုပ်ရဦးမယ်။ အဲ့တာကိုစာမလုပ်ပဲပတ်ပြေးနေတာကြောင့်ဆွဲခေါ်ရတာလေ။ ပြောပါဦး ငါမှားလား "

ဒီတစ်ခါမှာတော့ပါးစပ်ပိတ်ကျသွားရတာက ဘောမ်ဂယူဖြစ်သည်။ အဲ့လိုဆိုတော့လည်းဟုတ်တာပါပဲ။ သူကဟျောင်းအိမ်သွားနေလည်းစာမကြည့်၊ ကျောင်းမှာလည်းစာမကြည့်နဲ့ စာလုပ်တဲ့အချိန်ဆိုတာဘယ်တုန်းကနောက်ဆုံးလဲပင်ပြန်စဉ်းစားရမယောင်။

𝑳𝒐𝒗𝒆 𝒑𝒐𝒆𝒎Where stories live. Discover now