"ဟဲ့!လားလားရှောင်ကျန့်
ဟဲ့!
ဟဲ့ ငါခေါ်နေတာကြားလား
လား!လား!ရှောင်ကျန့်""ဗျာ..
ဗျာ..!"
(ကျန့်ကျန့် systemနဲ့ စိတ်ထဲကနေ စကားပြောရင်း ငှက်ဆိုးထိုးသံနဲ့ အော်ခေါ်နေတဲ့ မိထွေးသမီးကြောင့်
အယောင်ယောင် အမှားမှားပြန်ထူးမိတယ်။)"ဗျာ၊ဗျာ လုပ်မနေနဲ့ ငါတို့အဝတ်တွေသွားလျှော်စမ်း"
"ဟင်! ဘာလို့ကျွန်တော်ကလျှော်ရမှာလဲ"
"ဟဲ့ ဦးနှောင်ချောင်သွားတာလား
လားလားရှောင်ကျန့်
နင်ကဒီအိမ်မှာအိမ်စေပဲ အဲ့တာကြောင့် ငါတို့ခိုင်းတာ အကုန်နင်လုပ်ရမယ်""ဘာ...(host ပြန်မပြောပဲ သူတို့ခိုင်းတာပဲ လုပ်ပေးလိုက်ပါ အပြောင်းအလဲကြီးက သိသာ သွားမယ်နော်)(အေး အဟုတ်သား အဟမ်းအဟမ်း!)
အာ.....ကျွန်တော်တောင်းပန်ပါတယ် အမတို့
အမတို့အင်ကျီတွေကို ကျွန်တော်သေချာလျှော်ပေးမယ်နော်"
(ဟုပြောလျက် ကျန်ကျန့်တစ်ယောက် မကောင်းဆိုးဝါးအပြုံးကြီးနဲ့ ထိုညီမနှစ်ယောက်ရဲ့
ဟိုတစ်စဒီတစ်စအဝတ်တွေကို ကောက်ပြီး အဝတ်လျှော်ရမဲ့ အခန်းထဲသွားလိုက်တယ်)"Hahaha...ငါက
ရှောင်ကျန့်ပါကွ နင်တို့ခိုင်းတိုင်းလုပ်မယ်ထင်နေလား
စုန်းမသမီး မိစ္ဆာမနှစ်ယောက်ရဲ့hahaha.."'host ကဘာလုပ်မလို့လဲဗျ့'
'မရှည်စမ်းနဲ့ system လေးရယ်
ဟဲဟဲ ဒါနဲ့ မင်းအစကငါ့ကိုပြောဖူးတယ်လေ
ငါတစ်ခုခုလိုအပ်တဲ့အခါ မင်းရဲ့laptopကမ္ဘာထဲကနေယူပေးမယ်ဆိုတာလေ''အဲ့တာဘာဖြစ်လို့လဲhost'
'ဟဲဟဲ အဲ့တာငါ့ကိုလေ
ခွေးလျားသီးမှုန့်လေးနည်းနည်းလောက် ပေးပါလားဟင်'"Host ကဘာလုပ်ဖို့'
'တယ်လဲလျှာရှည်ပါ့လား
မင်းမိထွေးတွေကို ပညာပေးမလို့ဟေ့
ပညာပေးမလို့'..............................
အဝတ်စားထည့်လျှော်ရတဲ့ ကော်ခွက်အကြီးကြီးထဲကို ရေထဲ့ ၊ဆပ်ပြာမှုန့်ထဲ၊အမြှုပ်လေးတွေထအောင်မွှေလိုက်ပြီး ခြေထောက်ရေစိမ်လိုက်ပါသော အမောင်ရှောင်ကျန့်မဟုတ်တဲ့လားလားရှောင်ကျန့်ပါ။
'host ဘာတွေလုပ်နေတာလဲ အဲ့တာအဝတ်လျှော်တဲ့ခွက်နော်'
'မင်းပူမပါဘူး!ပါးစပ်ပိတ်ထားလိုက်system'
'host ငရဲကြီးမှာစိုးလို့ပါ'
'ငရဲကြီးတော့ငရဲလေးကိုနိုင်တာပေါ့
ပြီးတော့ ငါကယောကျာ်းလေးဘာမှမဖြစ်ဘူးhahaha'.......................
'အင်း.....ခြေထောက်စိမ်လို့ ဝ သွားပြီကွာ'
(ဟုဆိုလျက်)
ခြေထောက်တွေကိုထုတ်လိုက်ပြီး စုန်းမသမီးနှစ်ယောက်ရဲ့ အဝတ်တွေကိုထည့်လိုက်ပြီး
'ကိုယ့်ကိုယ်တော့ကာကွယ်ရမယ်လေ
ဟဲဟဲ'လက်အိပ်တွေဝတ်၊ကြက်ပေါက်ဖိနပ်တွေစီးပြီး
ခြေထောက်စိမ့်ထားတဲ့ ကော်ခွက်ထဲက ခြေထောက်စိမ်ဆပ်ပြာရည်တွေနဲ့ စိမ်ထားသော အင်ကျီတွေပေါ်ကိုခွေးလျားသီးမှုန့်တွေလောင်းချပြီး ကြက်ပေါင်ဖိနပ်စီးထားတဲ့ ခြေထောက်တွေနဲ့ နင်းဖွတ် ဖွတ်နေသော အမောင်ရှောင်ကျန့်...'host
Host လုပ်တာကြီး လွန်တယ်နော်''ဘယ်နားလွန်လို့လဲ system လေးရဲ့ လိုတောင်လိုသေးတာကို🤪'
*********************
Thank you for reading my story 😊.
အမှားပါခဲ့ရင်sorryပါဗျ့💐Yizhan is real
YOU ARE READING
စင်ဒရဲလားမဟုတ်တဲ့ လားလားရှောင်ကျန့်
Fanfictionရှောင်ကျန့် "ငါ့ဘဝကဘယ်လိုလုပ်ပြီးစင်ဒရဲလားထီးဖြစ်သွားရတာတုန်းဟ!" Lalaxiaozhan System fic လေးပါဗျ Yizhan is real