The Simplest Form of Love🩷

26 2 0
                                    

Intro

      ကျွန်မနာမည်ကတော့ ဝင်းရတနာ ပါ ရတနာ လို့ ခေါ်လို့ရပါတယ်ရှင့်။Bi ပါ။ကျွန်မကတော့ လူတိုင်းကို အပျော်တွဲရတာ ဝါသနာပါပြီး ကျွန်မတကယ်ချစ်ရတဲ့သူတွေက ကျွန်မကိုဆို စိတ်မဝင်စားကြလို့ပါ။သူတို့ သဘောမကျတာလည်း မဆန်းပါဘူး။ကျွန်မက ရုပ်ရည်လည်း မချောဘူး။ပိုက်ဆံချမ်းသာတဲ့ မိသားစုကလည်းမဟုတ်ဘူး။
       ရယ်ချင်စရာကောင်းတာတစ်ခုက လူအများစုက ကျွန်မရဲ့ဘဝကို ရချင်ပါတယ်တဲ့လေ။ တစ်ချို့ကလည်း ကျွန်မရဲ့ ဦးနှောက်ကို ရချင်ပါတယ် ဆိုလားပဲ။ သူတို့ရချင်တာကို ပေးနိုင်ရင် ကောင်းတာပေါ့။ကျွန်မဒီဘဝကို စိတ်ကုန်နေပြီ။
                                                         #Yadanar
     

       ကျွန်တော့်နာမည်က ရာသက်ပန်ပါ။Tbပါ။ဘဝမှာ ချစ်သူကော ရည်းစားကော မထားဖူးပါဘူး။အဲ့အကြောင်းကို သူငယ်ချင်းတွေကို ပြောပြတော့လည်း သိပ်မယုံချင်ကြတဲ့မျက်လုံးတွေနဲ့ ကြည့်ကြပါတယ်။အေးအေးဆေးဆေးပဲနေရတာကြိုက်ပြီး တစ်ခါမှ ပြဿနာရှာတာမခံရဖူးဘူး။ကိုယ်တိုင်ကလည်း အေးအေးလေးပဲ‌နေရတာကြိုက်လို့ပါ။
      ချစ်သူထားမလားလို့မေးလာရင်တော့ ဟင့်အင်း ပဲ။အပူတွေ မရချင်ဘူး။ အကိုတို့ အမတို့အတွဲကို ကြည့်နေရင်းကနေ အီသွားတယ်။ ဘာအချစ်ရေးမှကို စိတ်မဝင်စားသလို တစ်ခါမှလည်း ရှုပ်ရှုပ်ယှက်ယှက်တွေကို စိတ်မဝင်စားလို့ပါ။
                                                   #Yar They Pan

___________

The Simplest Form of Love(part-1)

*At 1.6.2023*

      ကျောင်းစစတက်တဲ့နေ့မို့ ကျောင်းသား ကျောင်းသူ တစ်ချို့ကတော့ ပျော်ရွှင်တက်ကြွ လန်းဆန်းနေပြီး သူငယ်ချင်းတွေနဲ့ နှုတ်ဆက်စကားပြောပြီး ပျော်နေကြပေမဲ့လည်း တစ်ချို့ကတော့ ကျောင်းပိတ်ထားတဲ့ အရှိန်မပျယ်သေးလို့ ကျောင်းသုံးလ ထပ်ပိတ်စေဖို့ မျှော်လင့်နေရင်းနဲ့ စိတ်ကူးတွေ အတွေးတွေလေထဲ လွင့်ပါနေ၏။
     
      ‌*ကလင်း......*ထုံးစံအတိုင်းပင် မြည်လာသော လျှပ်စစ်ခေါင်းလောင်းသံ။

      ကျောင်းစစဖွင့်ချင်းမို့ အခန်းထဲမှာနေရာယူကြ ခုန်စီကြရင်းနဲ့ပဲ စာသင်ချိန်က တစ်ချိန်ကုန်သွားခဲ့သည်။

The Simplest Form of Love🩷ྀིྀིWhere stories live. Discover now