*At 2.6.2023*
ရတနာ တစ်ယောက်မနက်စောစောထကာ မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် ထုံးစံအတိုင်းပင် စာထိုင်ကျက်လေသည်။
စာကျက်ပြီးသည်နှင့် ဖုန်းကောက်ကိုင်ကာ လိုင်းတက်လေ၏။Messenger ဟူသော App တော့မရှိပါ။ စာပို့စရာလူမရှိသောကြောင့် မလိုအပ်ဟုထင်သဖြင့် ဖျက်လိုက်ခြင်းပင်။
Facebook တွင်လည်း Psychology moviesများသာ လိုက် Followထားပြီး Friend Listတွင်လည်း Addလာ သူမှန်သမျှကို လက်ခံထားသဖြင့် Friend 2000 ကျော်လေ၏။
အချိန်ပြည့် သွေးသားဆာလောင်နေသော သားရဲကဲ့သို့ပင် စိတ္တဇဆန်ဆန် ရိုက်ကူးထားသော ဇာတ်လမ်းများကိုသာကြိုက်နှစ်သက်လာ၏။
အရင်နှင့် မတူဘဲ ကွဲပြားခြားနားလာသော အမူအကျင့်များကို ရတနာ၏မိသားစုဝင်များ အကုန်သိနေသော်လည်း မည်ကဲ့သို့ ကူညီပေးရမည်မသိကြသဖြင့် ဒီတိုင်းသာ လွတ်ထားကြသည်။
~Flash back~
"သမီး ကြောက်တယ် မေမေ သူတို့တွေ သူများလည်ပင်းကို ဓားအကြီးကြီးနဲ့ ခုတ်ကြတယ် ဟင့်ဟင့်😢"
"ဖေကြီးရေ....လိုင်းပြောင်းလိုက်တော့ သမီး မကြည့်ရဲဘူးတဲ့ "
ရှိုက်သံဖြင့်ပြောနေသော သမီးလေးအားကြည့်ကာ မေမေဖြစ်သူက remoteကိုင်ထားသော ယောက်ျားဖြစ်သူအားပြောလိုက်သည်။
"ဟုတ်ပါပြီဗျာ သမီးလေး မငိုနဲ့တော့နော် ဖေဖေလိုင်းပြောင်းလိုက်ပြီ ဒီမှာ သမီးကြိုက်တဲ့ ကာတွန်းကားလေးလေ"
ရတနာ့ဖေဖေက Tom&Jerry ကာတွန်း လာနေသော Boomerang လိုင်းကို ပြောင်းပေးပြီး သမီးဖြစ်သူကို စကားလှမ်းပြောလိုက်၏။
ထိုသို့ စကားလှမ်းပြောလိုက်ရာတွင် ငုံ့ထားသော မျက်နှာလေး အနည်းငယ်ပြန်မော့လာကာ ဖေဖေဖြစ်သူကို မျက်နှာငယ်လေးနှင့် လှမ်းမေးလိုက်သည်။
"ဟုတ် ဒါနဲ့ လည်ပင်းတွေဖြတ်ပြီးသွေးတွေအဲ့လောက်ထွက်တာ ဖေဖေတို့ကော မကြောက်ကြဘူးလား ပြီးတော့ သနားစရာလေး သူတို့က"
"သမီးရယ်...သူတို့က လူဆိုးတွေလေ သတ်ခံရမှာပေါ့ ပြီးတော့ သမီးက ခုမှ အသက် ၄နှစ်ပဲရှိသေးတယ် ကြောက်မှာပေါ့ ဖေဖေတို့က အသက် ၄၀ ကျော်နေပြီလေ"
YOU ARE READING
The Simplest Form of Love🩷ྀིྀི
Romance"မင်းလေးကို မချစ်လို့လည်း မဟုတ်ဘူး မုန်းလို့လည်း မဟုတ်ဘူး ကိုသဘောကျတဲ့Typeမဟုတ်တာနဲ့လည်း မဆိုင်ဘူး မင်းအသက်အရွယ်အရမ်းငယ်နေလို့ ပြီးတော့ မင်း ကို့ကို ဘာကြောင့်ချစ်တာလဲ" ရာသက်ပန် "လူတစ်ယောက်ကို ချစ်ဖို့အတွက်က အသက်အရွယ်က အရေးကြီးနေလို့လား အကြောင်းပ...