အမှတ်တရနွေ

259 39 7
                                    



ပြက္ခဒိန်ကို ရုတ်တရက်လှမ်းကြည့်မိတော့
ဒီကနေ့ ဒီဇင်ဘာ ၂၅ရက် ၂၀၁၀ ခုနှစ်
သူတို့ချစ်သူသက်တမ်း ၂၃နှစ်ပြည့်တဲ့နေ့ဖြစ်မယ်

မီးဖိုချောင်ထဲရှိနေတတ်တဲ့ သူ့ချစ်သူ ရစ်ခီ့ကို
ထယ်ရယ်လှမ်းခေါ်လိုက်တယ်

" မောင်... "

ပြန်ထူးသံရောက်မလာခဲ့

ထယ်ရယ်လဲ ဆက်မခေါ်တော့ဘဲ နံရံမှာချိတ်ထားတဲ့
တခမ်းတနားထားထားတဲ့ ဓာတ်ပုံကို
ငေးကြည့်နေလိုက်တယ်

ရွှေရောင်ဘောင်ခတ်ထားပေမဲ့ အချိန်အတော်ကြာပြီမို့
အစအနတချို့ကတော့ နွမ်းစပြုနေပြီ
ဒါပေမဲ့ ထယ်ရယ်က နေ့တိုင်း သန့်ရှင်းရေးလုပ်လို့နဲ့
တူပါရဲ့ ခုထိတော့ သပ်သပ်ခပ်ခပ်နဲ့ လှနေတုန်း

ပုံထဲမယ် ရစ်ခီက ငွေရောင်ပုဆိုးဝတ်ထားတယ်
ထယ်ရယ် ဝယ်ပေးတဲ့ ချစ်သက်လက်ဆောင်တွေထဲက
တစ်ခုပေါ့ မှတ်မှတ်ရရပြောရရင်
ရစ်ခီဘွဲ့ယူတဲ့နေ့ ဝတ်ဖို့ဆိုပြီး ၁၉လမ်းထဲ
တေလာအိမ်ဆီမှာ တစ်လအလိုလောက်တည်းက
သွားချုပ်ခိုင်းထားရတဲ့ ပုဆိုးလေး

ထယ်ရယ်ကတော့ ကချင်ဆင်ပုဆိုးလေးနဲ့
ရှပ်လက်ရှည် ရိုးရိုးလေးပါပဲ

အဲ့ပုံလေးကလဲ ၁၉လမ်းထဲက ဓာတ်ပုံတိုက်တစ်ခုမှာ
ရိုက်ထားတာ အဲ့နေ့က ... ချစ်သူဖြစ်ကာစတုန်းက
ပထမဆုံးအတူတူရှိရတဲ့ ရစ်ခီ့မွေးနေ့
နွေကျောင်းပိတ်ရက်တစ်ရက်ပေါ့

ဓာတ်ပုံထောင့်နားလေးမှာ ရက်စွဲလေးလဲပါတယ်

၁၉၈၈ခုနှစ် မေလ ၂၀ရက်

~

ဒီနေ့လဲ ထယ်ရယ့်အတွေးတွေက အဲ့ဒီခုနှစ်တွေဆီ
ထပ်ရောက်သွားပြန်တယ် တိတိကျကျပြောရရင်
၁၉၈၇ တက္ကသိုလ်ကျောင်းသားနေ့ရက်တွေ...

" ဒီကနေ့ အတန်းပြီးရင် အင်းယားနားသွားကြစို့ဝေ့ "

" အကြော်ဆိုင် မထိုင်ရတာကြာလှပေါ့ "

" သွားကြမယ်ဆို ငါလဲလိုက်ခဲ့မယ်လေ "

ထယ်ရယ် မက်သျူး အုံးဂီ ဆိုပြီးသုံးယောက်သား
ရန်ကုန်တက္ကသိုလ် သမိုင်းမေဂျာကပေါ့
သူတို့သုံးယောက်ဆိုတာနဲ့ ပါမောက္ခတော်တော်များများ
တန်းသိကြတယ် ကျောင်းသားတွေကြားထဲလဲ
နာမည်ကြီးကြပါတယ်
ဘာလို့နာမည်ကြီးကြလဲဆိုတာတော့ ထယ်ရယ်တို့
ကိုယ်တိုင်လဲမသိဘူး
ဒီတိုင်း သူတို့ကျောင်းလာရင် ဝိုင်းကြည့်ခံရရင်းနဲ့
လူပြောများကြတာတဲ့ တစ်မျိုးလေး ဆန်းပြန်ရော

You've reached the end of published parts.

⏰ Last updated: Feb 05, 2024 ⏰

Add this story to your Library to get notified about new parts!

အမှတ်တရနွေ (ShenTaerae One Shot )Where stories live. Discover now