Part-1(Unicode)

324 19 0
                                    

Part-1

"Kari...နောက်အပတ်သမီးဒယ်ဒီပြင်သစ်ကနေပြန်လာလိမ့်မယ် လုပ်စရာရှိတာတွေလက်စသတ်ထားတော့နော်"

အခန်းထဲမှာအလုပ်လုပ်နေတဲ့သူ့ကိုမာမီကနွားနို့လာပို့ရင်းပြောလာသည်။သူနှင့်Kanoငယ်ငယ်ကတည်းကညတိုင်းအိပ်ခန်းထဲအထိနွားနို့လာပို့တတ်တာမာမီ့အကျင့်ပင်။ Kanoကတော့Kariထက်‌စောအိပ်လို့သူ့ကိုအရင်နွားနို့သွားတိုက်ပြီးပြီထင်ပါရဲ့။

ဒီရက်ပိုင်းအလုပ်တွေကနားရတယ်လို့ကိုမရှိ။Companyကအလုပ်တွေပါအိမ်ကိုသယ်လာရသည်။‌ဒယ်ဒီကပါပြန်လာတော့မည်ဆိုတော့ Hasan Kariyaတို့ခေါင်းထောင်နိုင်ဖို့ပင်ကိန်းမမြင်တော့။

ဒီလိုအချိန်မှာသူသည်းခံပြီးလုပ်လိုက်ရင် နောင်တစ်ချိန်ကျအဆင်ပြေမဲ့ အရာတွေချည်း။အသက်ငယ်ငယ်နှင့်CEOဖြစ်ရတာလွယ်တော့မလွယ်ကူပေ။ရှယ်ယာရှင်အများစုကသူလိုအပ်ချက်နှင့်ပေါ့ဆမှုရှိသွားတာနဲ့တစ်ခါတည်းရိုက်ချသွားကြမှာပင်။ဒါကြောင့် ကိုယ်ကကိုယ့်အရည်အချင်းနဲ့ကြိုးစားမှုကိုပေါ်လွင်အောင်ပြသချင်တာဖြစ်သည်။

"ဟုတ်ကဲ့‌မာမီ မာမီလည်းနားရင်နားတော့လေ"

"နေပါဦး၊ကျေးဇူးရှင်လေး သမီးကိုပြောစရာရှိသေးတယ်"

မာမီသည်Kari၏ပါးနှစ်ဖက်ကိုညစ်ကာဆိုလာသည်။

"သမီးမနက်ကဆေးကျောင်းကကောင်မလေးတွေကိုသွား‌ကြောင်သေးတယ်ဆို"

"ဂါးး Riaaအစုတ်ပလုတ်!သူလာတိုင်တာမလားမာမီ"

သူဖွန်သွားကြောင်တုန်းကဘေးမှာRiaaပဲပါလာတာ။‌သူသွားကြောင်တဲ့နေရာမှာလဲမာမီနှင့်သိနေသည့်သူတစ်ယောက်မှရှိမနေ။သေချာပေါက်Riaa၏လက်ချက်ပင်။နောက်နေ့မှတွေ့ကြသေးတာပေါ့ ဟင်းဟင်း။

"ဟုတ်လား၊မဟုတ်ဘူးလားပဲဖြေ သူများကိုသွားအပြစ်တင်မနေနဲ့"

"ဟီး ဟုတ်တယ် ၅ယောက်လောက်ပါပဲ ချောလို့ ဟီးဟီး"

မျက်စောင်းထိုးကြည့်လာသောမာမီ့ကြောင့်သူ့မှာမျက်နှာချိုသွေးပြရသေးသည်။

သူမိန်းကလေးတွေကိုကြိုက်တာမာမီသိသော်လည်းပိတ်ပင်တားဆီးခြင်းတော့မရှိ။မာမီ့ပုံစံကရှင်းသည်။ကိုယ့်သားသမီး၏ဖြစ်တည်မှုကိုလက်ခံပေးသည်။တစ်ခုခုကိုအလွန်အကျွံမဟုတ်သ၍တော့မတားဆီး။လွပ်လပ်မှုပေးသည်။ယုံကြည်မှုပေးသည်။အလိုလိုက်သင့်သလောက်လိုက်သည်။ဒယ်ဒီကျအဲ့လိုမဟုတ်။ဒယ်ဒီသည်မာမီ့ထပ်မာနကြီးသည်။‌ခေါင်းမာသည်။ဖြစ်သင့်သည့်အရာထပ်သူဖြစ်ချင်တာကိုပဲဦးစားပေးသည်။ရိုင်းရိုင်းနှင့်ထပ်ပြောရရင်ဒယ်ဒီသည်တစ်ဖက်ပိတ်ဆန်သည်။သူဒါဆိုဒါမှဒါ။

Hasan Kariya [On going]Where stories live. Discover now