Part - 3

558 40 10
                                    

(Unicode)

"Jiji ကိုသည်းခံပေးလို့ ကျေးဇူးတင်ပါတယ်ကွာ... သူကအိမ်မှာအလိုလိုက်ထားလို့ နည်းနည်းဆိုးချင်တယ်"

"ရပါတယ်ဗျာ ကလေးပဲကို"

ပြောသာပြောရတယ် သူလေးအခုဆို ကလေးမဟုတ်တော့တာကို Yoongi ပဲသိတယ်...။ အဲလေ Taehyung လဲသိမှာပါ...။ သူလေးကတော့ အဖေရှေ့မို့ထင်တယ် မှင်သေသေနဲ့မျက်လွှာချကာ ထိုင်နေလေရဲ့...။ လုပ်လဲလုပ်တတ်တယ် ကလေးစုတ်...။ အသည်းယားလွန်းလို့ ကိုက်စားပစ်လိုက်ချင်တာ...။ သူ့အဖေရှေ့မှာမို့လို့သာပဲ...။

"Yoongi က အခုမိဘလုပ်ငန်းကို ဦးစီးနေတာပေါ့"

"ဟုတ်တယ်ဗျ.. ကျွန်တော်က ဒုမန်နေဂျင်းရာထူး ယူထားတာလေ.. ကျွန်တော့်အစ်ကို Taetae ရဲ့အဖေကတော့ မန်နေဂျင်းပေါ့"

Yoongi အခုထိ Jimin ရဲ့အဖေကို ဘယ်လိုခေါ်ရမလဲမသိသေး...။ အသက်ချင်းမကွာတဲ့အတွက် အစ်ကိုကြီးလို့ပဲခေါ်ရမလား...။ တစ်ချိန်မှာယောက္ခထီးတော်ရမှာမို့ Aboji လို့ပဲခေါ်ရမလား...။ ခုထိတော့ နာမ်စားမသုံးပဲ စကားပြောနေတာမို့ အဆင်ပြေနေသေးတယ်...။

"ကောင်းတယ် Yoongi က အလုပ်လဲကြိုးစားပြီး ကလေးတွေအတွက်လဲ အချိန်ပေးနိုင်တယ်.. တကယ်ကို လေးစားလောက်ပါတယ်.. ကိုယ်တွေဆိုရင် Jiji အတွက် အချိန်မနည်းပေးနေရတာ"

"ဒါကတော့ Taetae က ကျွန်တော့်လက်ပေါ်ပဲ ကြီးပြင်းလာတာဆိုတော့ သူ့အတွက်လဲအချိန်ပေးရင်း Jiji ကိုပါ ဂရုစိုက်လိုက်တာပါ.. နောက်လဲ အားမနာပါနဲ့.. အစ်...အစ်ကိုကြီးတို့ ခရီးသွားစရာရှိရင် Jiji ကို ကျွန်တော့်ဆီအပ်ထားခဲ့ပါ"

ထိုအခါ Jimin ဆီကနေ ခွိခနဲရယ်သံလေး ထွက်လာတယ်...။ Yoongi ကတော့ ကလေးစုတ်ကို မကြည်သလိုလှမ်းကြည့်ရင်း ချွေးပျံနေတယ်...။ အစ်ကိုကြီးတဲ့... ခေါ်ရတာလျှာယားလိုက်တာ...။

"Yoongi ကိုပဲ ဒုက္ခပေးရတော့မယ်ထင်တယ်"

ဒီစကားက နောက်ဆိုလဲ Yoongi ကို ယုံကြည်စိတ်ချစွာနဲ့ သူ့ရဲ့သားပိစိကွေးကို အပ်ထားမယ်ဆိုတဲ့ သဘောပေါ့လေ...။ Yoongi ပျော်နေတဲ့စိတ်ကို အသာလေးကျိတ်မြိုသိပ်ရင်း Jimin လေးကို ကြည့်မိတော့ သူကလဲ မျက်လုံးလေးထောင့်ကပ်ကာ ကြည့်တာနဲ့သွားဆုံမိတယ်...။

No More Innocent (Completed)Where stories live. Discover now