Part 22

8.8K 177 0
                                    

Uni code

ထွဋ်ရောင်ရှိန်တစ်ယောက်ဒယ်ဒီကချောင်ပိတ်ဖမ်းထားပြီးရှင်းပြည့်သူနဲ့အတူပွဲတက်ဖို့ပြောနေတာကြောင့်စိတ်ညစ်လှသည် အဖိုးဖြစ်သူဝင်ပြောတာတောင်မရပဲခေါင်းကြောမာနေသည့်ဒယ်ဒီကြောင့်စိတ်မောရလေသည် မတတ်သာတဲ့အဆုံးသွားဖို့သာဆုံးဖြတ်လိုက်ရတော့တယ် သူတို့စီးပွားရေးလောကကအင်မတန်မှရှုပ်ထွေးလှတာမလို့တစ်ချို့မီဒီယာတွေရဲ့သတင်းတွေကိုသာသူမလေးတွေ့ရင်သူ့ကိုစိတ်ဆိုးမှာအသေအချာပဲဖြစ်တယ်

*ကျစ်...စိတ်တွေလည်းညစ်ပါတယ်ကွာ လီရမ်ပြောသလိုသာခတ်လေးကိုခိုးပြေးချင်တော့တယ်*စိတ်ထဲမှာသာအခုလိုတွေးနေပြီးအကျီလဲကာအောက်ဆင်းလာလိုက်သည်....

ရှင်းပြည့်သူဆိုတဲ့တစ်ယောက်ကိုသွားခေါ်ပြီးပါတီရှိရာဆီသို့လာလိုက်သည်...

"သူဌေးအသေးလေး ထွဋ်ရောင်ရှိန်ထူးပဲ ကြိုဆိုပါတယ်ကွာ"

"Thank you အန်ကယ်"

ဒီနေ့ထွဋ်ကအနက်ရောင်ကတ္တီပါသားအနောက်တိုင်းဝတ်ဆုံနဲ့ဆံပင်ကိုအပေါ်သို့လှန်တင်တင်ထားပြီးလူကြီးလူကောင်းဆန်စွာအင်မတန်မှချောမောလှလေတယ် သူဌေးအသေးလေးလို့ပြောလည်းမမှားနိုင်ပါ...

သူမကတော့အနီရောင်ဖဲသားလက်တစ်လုံးနှင့်ပေါင်ထိခွဲရာပါတဲ့ဂါဝန်အရှည်ကိုဝတ်ဆင်ထားလေသည် ပါတီထဲတွင်သူတို့စုံတွဲဟာတော်တော်ကိုမှထင်းထွက်နေတာမလို့ပါတီလာတဲ့သူ‌တိုင်းမျက်စိကျစရာဖြစ်နေလေသည်...

ရှင်းပြည့်သူကသူ့လက်မောင်းကိုဘာမပြောညာမပြောနဲ့ချိတ်လာတာမလို့ထွဋ်ရောင်ရှိန်လန့်သွားရတယ် သူအရင်ကအမျိုးသမီးပေါင်းစုံနဲ့အခုလိုထိတွေ့ဖူးပေမဲ့အခုသူ့မှာချစ်ရတဲ့အသဲအသက်လေးရှိပြီးကတည်းကဘယ်မိန်းကလေးကိုမှလက်နဲ့ထိဖို့မပြောနဲ့မျက်စိအစာတောင်မကျွေးဖူးပါ...

သူ့လက်မောင်းကိုချိတ်ထားတဲ့ရှင်းပြည့်သူရဲ့လက်တွေကိုဖြုတ်ချလိုက်ကာ...

"မင်းငါ့ကိုဘာလို့လက်လာချိတ်တာလဲ"

"ထွဋ်ရယ် နင်နဲ့ငါကသိပ်မကြာခင်စေ့စပ်တော့မဲ့သူပဲ"

💞ရင်ခုန်သံခေါ်ဆောင်ရာ💞Where stories live. Discover now