arc 3

107 4 0
                                    

Arc(3)နာကျင်အောင်မလုပ်ပါနှင့်သခင်(စိတ်ခွဲ). ဇာတ်ကြောင်းနှင့်မိတ်ဆက်
Arc(3)ဇာတ်ကြောင်းနှင့်မိတ်ဆက်
နာကျင်အောင်မလုပ်ပါနှင့်သခင်(စိတ်ခွဲ)

အစားထိုးခံမှန်း သိရက်နဲ့. ချစ်ခဲ့မိပါရဲ့ သခင်ရယ်
တကယ် တောင်းတခဲ့တဲ့ သခင်ရဲ့ အချစ်ကတော့ ကျွန်တော့လို အစားထိုးခံ အတွက် မဟုတ်ပုံဘဲ မပိုင်ဆိုင်ရတဲ့ အချစ်ရတွေကနာကျင်ရလိုက်တာနော် မုန်းချင်မိတယ် ဒါမဲ့ဘာကိုမုန်းရမလဲ ကျွန်တော်ကိုယ်တိုင် တောင်မသိပါရော့လား သခင်ရယ်

မရှိသင့်တဲ့အချစ်ကို မွေးမြူခဲ့တဲ့ ကျွန်တော့ကိုယ်ကျွန်တော် မုန်းရမလား အစားထိုးခံတစ်ယောက်ကို မျှော်လင့်ချက်၊ အခွင့်ရေး နဲ့ လိမ်ညာမှု မုသားတွေ ပေးတဲ့ သခင်ကိုဘဲ မုန်းရမလဲဟင်. ဒါမဲ့လေသခင့်ကို မမုန်းခဲ့ပါဖူး မမုန်းနိုင်ခဲ့တာ ဆိုပိုမှန်ပါတယ်လေ ကြည့်ရတာကျွန်တော်ရဲ့အချစ် အဓိပ္ပာယ်က နာကျင်မှု ထင်ပါရဲ့

တောင်းပန်ပရစေ ကျေးဇူးပြုပြီး  * နာကျင်အောင် မလုပ်ပါနဲ့ သခင် * မဖြစ်နိုင်တဲ့မျှော်လင့်ချက် တွေနွေးထွေးမှုတွေနဲ့
အလိမ်ညာတွေက ကျွန်တော့်ကို ပိုနာကျင်စေတာ သခင် မသိလေရော့လား သခင်ရယ်

.................................သဘာဝနတ်ဘုရား................................. ယဲ့ဖေး

ကိုယ်တော့်လိုမ‌ေကာင်းတဲ့သူကို မှ ချစ်မိတယ်တဲ့လား ရှောင်ယဲ့ ရယ် မင်းတောင်းတတဲ့ အချစ် ကမင်းအတွက် ဖြစ်တည်ခဲ့ပါရဲ့. ဒါကို. မင်းမသိခဲ့ဖူးလို့. ထင်ပါတယ်. မုန်းမယ်ဆိုရင် ကိုယ်တော့်ကိုသာ မုန်းလိုက်ပါကွာ အရာအားလုံးကိုယ်တော် မှားယွင်း ခဲ့တာဖို့ အဖြူစင်ဆုံး အပြုံးလေးတွေနဲ့ မင်းလေးကတော့ အဖြူစင်ဆုံး ရှိနေပေးပါကွာ

တကယ်မဟုတ်တဲ့ခံစားချက်ကို တကယ်ထင်မှတ်လို့ အစားထိုးခဲ့တဲ့ကိုယ်တော့်ဟာ အရမ်းများ တုံးအနေခဲ့သလား
အလှပဆုံး နဲ့ အဖြူစင်ဆုံးနတ်ဘုရားလေး ကိုမှ မှားယွင်း စွတ်စွဲ ခဲ့မိတဲ့ ကိုယ်တော်ဟာ အခြားလူတွေရဲ့အမြင်လို တကယ်ဘဲ တရိစ္ဆာန် တစ်ကောင်လား

တောင်းပန်ပါတယ် နာကျင်မှုတွေပေးခဲ့လို့ တောင်းပန်ပါတယ် နှင်းလေးတွေလို မိမိရဲ့ရောင်စဥ်ကိုမေ့လျော့တဲ့ထိ ချစ်ပေးခဲ့တဲ့ မင်းကို  ကျေးဇူးလဲတင်ပါတယ် နောင်ပြန်လည်မွေးဖွားခဲ့ရင် မင်းကျေနပ်တဲ့အထိ ကိုယ်တောင်းပန်ပါ့မယ်

Hikari System uni-zawgyi (on going)Where stories live. Discover now