ရေစက်တဲ့။
အက္ခရာနှစ်လုံးတည်း။ရေစက်ရှိလို့ပဲ ဆုံတွေ့ခွင့်ရခဲ့တယ်။
သိပ်လှတဲ့ ရေစက်လေးကုန်ခမ်းသွားမှာကို ရူးအောင် ကြောက်ခဲ့ရပြန်တယ်။ကြင်နာသူက ကိုယ့်ဘဝရဲ့ ရေစက်ငယ်။
ကိုယ့်တောင့်တခဲ့ရတဲ့ မနက်ဖြန်လေးဟာ မင်းပဲပေါ့
ကလေးငယ်*****
> စတင်ခြင်း<" မနက်ဖြန်''
လူတိုင်းမှာ မနက်ဖြန်ကိုယ်ဆီရှိကြတယ်။
မနက်ဖြန်မှာ ဘာလုပ်မလဲ၊ဘယ်လိုတွေဖြတ်သန်းကြတာလဲ?
သေချာတာတော့ လူတိုင်းက မနက်ဖြန်တွေကို အကောင်းဆုံး
ဖြတ်သန်းချင်ကြတာဘဲ။ ဖြစ်ချင်တာတွေလည်း ရှိမှာပဲလေ။ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်က
မနက်ဖြန်အတွက် စိတ်ကူးတွေယဥ်ပြီး ညအိပ်ခါနီးမှာ
အပြုံးတွေနဲ့ အိပ်စက်လိမ့်မည်။
ငိုချင်လည်း ငိုနေခဲ့လိမ့်မည်။ အကြောင်းတရားကတော့
ကောင်မလေး အပေါ်ဘဲ မူတည်မှာပေါ့။သူဋ္ဌေးကြီးတစ်ယောက်အတွက် မနက်ဖြန်ကလည်း
အဆင်ပြေပြေနဲ့ ကုန်ဆုံးဖို့ ရှိနေမှာပဲ။ဒါ့အပြင် အခြားအခြားတွေ၊ လူငယ်တွေ၊ လူကြီးတွေ
အကုန်လုံးက မနက်ဖြန်ကို သက်တောင့်သက်သာ အဆင်ပြေပြေနဲ့ ဖြတ်သန်းဖို့ ကြိုးစားကြမှာ မလွှဲဧကန်ပဲမဟုတ်ဘူးလား။ကြိုမမြင်နိုင်ပေမယ့် မနက်ဖြန်တွေက သူတို့အတွက် အဆင်ပြေကြမှာပဲလေ။
ငါဒီလိုပြောလို့ မင်းတို့ ဘက်က ပြောချင်ပြောကြလိမ့်မယ်။
လူတိုင်းရဲ့ မနက်ဖြန်က အမြဲကောင်းမနေဘူးလို့။ဒါကို ငါ လက်ခံပါတယ်။ ဒါပေမယ့်လည်း ငါ့အထင်တော့
လူတိုင်းလူတိုင်းက မနက်ဖြန်တွေအတွက် အဆင်ပြေကြတယ်။ဘာလို့်လဲ?ဘာလို့ အဆင်ပြေတယ်လို့ တပ်အပ်ပြောနေရတာလဲဆို -